Connect with us

Asia

(၁၄) ကြိမ်မြောက် G 20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ရောက်ရှိ

ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ရောက်ရှိလာသော သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

အိုဆာကာ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ (၁၄) ကြိမ်မြောက် G 20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အတွက် ယနေ့(ဇွန်လ ၂၇ ရက်) တွင် အထူးလေယာဉ်ဖြင့် ဂျပန်နိုင်ငံ အိုဆာကာမြို့ကို ရောက်ရှိခဲ့ကြောင်း သိရသည်။

သမ္မတ ရှီ၏ အထူးလေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ဂျပန်နိုင်ငံ အိုဆာကာမြို့ Kansaiအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့ခြင်းဖြစ်ရာ ဂျပန်နိုင်ငံ အစိုးရ အဆင့်မြင့်အရာရှိများက လေဆိပ်တွင် ကြိုဆို ခဲ့ကြကြောင်း သိရသည်။

ယခု ကျင်းပမည့် G 20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးကို ဇွန် ၂၈ ရက်မှ ၂၉ ရက် အထိ အိုဆာကာမြို့တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါအစည်းအဝေးတွင် သမ္မတရှီအနေဖြင့် ကမ္ဘာ့စီးပွားရေး အခြေအနေ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဆိုင်ရာ စီမံမှုစသည့် ကဏ္ဍများအပေါ် အမြင်သဘောထား၊အယူအဆများကို နက်နဲစွာဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲကာလအတွင်း BRICS အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ၊ တရုတ်-ရုရှား- အိန္ဒိယ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ၊ တရုတ်-အာဖရိက ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကို တက်ရောက်သွားမည်ဖြစ်ပြီး နိုင်ငံခေါင်းဆောင်အချို့နှင့်လည်း နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.