Connect with us

Asia

အရည်အသွေးမြင့်မားသည့် ကမ္ဘာ့စီးပွားရေး ခိုင်မာရန် G20 အနေဖြင့် လက်တွဲလုပ်ဆောင်ရန် သမ္မတ ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၁၄ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေး တက်ရောက်နေစဉ် (ဆင်ဟွာ)

အိုဆာကာ၊ ဂျပန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်က Group of 20 (G20) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တိုးတက်မှုအတွက် တွန်းအားရှာဖွေရန်၊ ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှု တိုးတက်ရန်၊ တိုးတက်မှုအား တွန့်ဆုတ်စေမှုများအား ဖယ်ရှားရန်၊ မတူကွဲပြားမှုများအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရန် ဇွန်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ၏ဈေးကွက်ပွင့်လင်းရေး၊ သွင်းကုန်များတိုးချဲ့ရေး၊ ပြည်ပစီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံ၏ စီးပွားရေးအခင်းအကျင်း ဆက်လက်တိုးတက်မှုရှိစေရေးနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးသဘောတူညီချက်များဆိုင်ရာ ညှိနှိုင်းမှုများအား ရှေ့ဆက်ဖိအားပေးသွားရေး စသည်တို့ ပိုမိုလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှီက ကတိပြုခဲ့သည်။

ရှီက ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ပြုလုပ်သော ၁၄ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကမ္ဘာ့စီးပွားရေးက ကမ္ဘာလုံးဆိုင်ရာငွေကြေးအကျပ်အတည်းဖြစ်ပြီး ၁၀ နှစ်အကြာတွင် အရေးကြီးသော အချိန်ကာလသို့ တစ်ဖန်ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ G20 အနေဖြင့် အရေးပါသည့်ကာလတွင် ကမ္ဘာ့စီးပွားရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးအတွက် လမ်းကြောင်းအား ရေးဆွဲရန် တာဝန်ရှိကြောင်း၊ ဈေးကွက်အတွင်း ယုံကြည်မှုရှိလာစေရန်နှင့် ပြည်သူများအား မျှော်လင့်ချက် ဆောင်ကြဉ်းပေးရန် ရှီက ဆိုသည်။

G20 အဖွဲ့ဝင်များအနေဖြင့် မျှတသောဥပဒေများအား လေးစားသင့်ကြောင်းနှင့် ဈေးကွက်အခန်းကဏ္ဍတွင် ပါဝင်ကစားသင့်ကြောင်း၊ ထုတ်လုပ်မှုအင်အား ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်အား လိုက်လျောညီထွေရှိအောင် ပြင်ဆင်သင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောခဲ့သည်။

ထို့နောက် ရှီက G20 အဖွဲ့ဝင်နိုင်ငံများအား ဖွံ့ဖြိုးတိုးတက်မှု အဓိကလမ်းကြောင်းသို့ လိုက်ရန်၊ ကြီးမားသော ပွင့်လင်းမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများအား လက်ခံရန်၊ ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်ဦးနှစ်ဘက်အကျိုးရလဒ်များအား ရှာဖွေရန်၊ ကမ္ဘာလုံးလွှမ်းခြုံမှုရှိသော စီးပွားရေးအား မှန်ကန်သောလမ်းကြောင်းဆီသို့ ဦးတည်စေရန် တိုက်တွန်းပြောကြားခဲ့သည်။

G20 အဖွဲ့ဝင်နိုင်ငံများအား အကျိုးစီးပွားများနှင့် ကာလရှည် ဖွံ့ဖြိုးတိုးတက်မှု မျှဝေခြင်းအပေါ် ဦးတည်ထားရန်နှင့် ကမ္ဘာနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ၏ ကျေနပ်အားရမှုရှိသောဘဝတစ်ခုအတွက် တည်တံ့သော ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးအား နားလည်သဘောပေါက်ကြောင်း ကတိပြုရန်လည်း ရှီက ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အချက်လေးချက်ပါသော အဆိုပြုချက်တစ်ခုအား အဆိုပြုခဲ့ကြောင်း သိရသည်။

ယင်းအနက် ပထမအဆိုပြုချက်မှာ ပြုပြင်ပြောင်းလဲမှုနှင့် တီထွင်ဆန်းသစ်မှုအား ပြီးဆုံးအောင်လုပ်ဆောင်ရန်နှင့် တိုးတက်မှုအတွက် မောင်းနှင်အားကို ရှာဖွေရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ဒုတိယအချက်အနေဖြင့် သမ္မတ ရှှီက အချိန်ကာလများနှင့် G20 လမ်းကြောင်းအား ထိန်းသိမ်းရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု တိုးတက်စေရန် အဆိုပြုခဲ့သည်။

တတိယအချက်မှာ G20 အဖွဲ့များအနေဖြင့် စိန်ခေါ်မှုအား တက်ကြွစွာကိုင်တွယ်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးပိတ်ထားမှုများအား ဖယ်ရှားရန် တိုက်တွန်းအားပေးခဲ့သည်။

စတုတ္ထအချက်အနေဖြင့် မိတ်ဖက်ဆက်ဆံရေစိတ်ဓာတ်အား စောင့်ထိန်းရန်နှင့် မတူကွဲပြားမှုများအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရန် G20 အဖွဲ့ဝင်နိုင်ငံများအာ ရှီက တိုက်တွန်းခဲ့သည်။

ထို့ပြင် ရှီက တရုတ်နိုင်ငံ၏ စီးပွားရေးက တိုးတက်မှုအတွက် ကောင်းမွန်သော အရှိန်အဟုန်ဖြင့် တည်ငြိမ်စွာ စွမ်းဆောင်မှုတစ်ခုအဖြစ် တည်ရှိနေကြောင်း၊ တံခါးဖွင့်ဝါဒ ပိုမိုလုပ်ဆောင်ရေးအတွက် အဓိက ဆောင်ရွက်မှုများစွာနှင့် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှေ့ဆက်ဖိအားပေးသွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) ၏ ဖိတ်ကြားချက်ဖြင့် ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်အထိ G20 ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဂျပန်နိုင်ငံသို့ ဇွန်လ ၂၇ ရက်က ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.