Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၊ ဆူလူးပြည်နယ် အတွင်း အကြမ်းဖက်ဗုံးခွဲမှုနှစ်ခုဖြစ်ပွား

ဖိလစ်ပိုင်နိုင်ငံ၊ ဆူလူးပြည်နယ် အတွင်း ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလက ခရစ်ယန်ဘုရား ရှိခိုးကျောင်းတစ်ခုအား အကြမ်းဖက်ဗုံးခွဲမှုတစ်ရပ်ပြုလုပ်ခဲ့သည့်မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဆူလူးပြည်နယ်ရှိ တပ်စခန်းတစ်ခုအတွင်း ဇွန်လ ၂၈ ရက်ကဖြစ်ပွားခဲ့သော ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုကြောင့် သေဆုံးသူမှာရှစ်ဦး အထိရှိလာပြီဖြစ်ကြောင်း စစ်ဘက်အရာရှိတစ်ဦး က ဇွန်လ ၂၉ ရက်တွင်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ အနောက်မင်ဒါနာအို စစ်တိုင်းတပ်ဖွဲ့များ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးအာဗင်အန်စီနာ က သေဆုံးသူရှစ်ဦးတွင်စစ်သားသုံးဦး၊အရပ်သားသုံးဦးနှင့်ဗုံးခွဲသမားနှစ်ဦး တို့ပါဝင်ကြောင်းပြောကြား ခဲ့သည်။ထို့ပြင်ဗုံးပေါက်ကွဲမှုများကြောင့် လူ ၁၂ ဦးဒဏ်ရာရခဲ့ကြောင်းလည်းသိရသည်။

ဗုံးပေါက်ကွဲမှုများက အိုင်အက်စ် အကြမ်းဖက်အဖွဲ့၏လက်ချက်ဟုယူဆရသော်လည်း စုံစမ်းစစ်ဆေးမှု များပြုလုပ်ဆဲဖြစ်ကြောင်းလည်းသိရသည်။

ဗိုလ်မှူးအာဗင်အန်စီနာ က ပထမဗုံးခွဲသမားသည်၎င်း၏ကိုယ်တွင်တိတ်ဖြင့်ကပ်ထားသောဖေါက်ခွဲရေး ပစ္စည်းများကို တပ်စခန်း၏ ဂိတ်အနီးတွင်ဖောက်ခွဲမှုပြုခဲ့ရာ ဂိတ် ကိုစောင့်ကြပ်သောစစ်သားသုံးဦးသေ ဆုံးခဲ့ရသည်။အခြားဗုံးခွဲသမားတစ်ဦးကမူ ဂိတ်အတွင်းပြေးဝင်လာခဲ့ရာ ၎င်းကိုယ်၎င်းအသေခံဗုံးဖေါက် ခွဲခဲ့ရာ စစ်သား ၁၂ ဦးဒဏ်ရာရခဲ့သည်။

ဖိလစ်ပိုင်ကြည်းတပ် ဒုတိယဗိုလ်မှူးကြီး ရာမွန်ဇာဂလာ ကအဆိုပါဗုံးခွဲမှုကဒေသအတွင်း ဖိလစ်ပိုင်စစ် တပ်၏ လုံခြုံရေးဆိုင်ရာစစ်ဆင်ရေးများကို ပျက်ပြားစေရန်တိုက်ခိုက်မှုတစ်ရပ်ဖြစ်ကြောင်း၊ စစ်တပ်အ နေဖြင့်အကြမ်းဖက်မှုများကိုတုံ့ပြန်သွားရန် သန္နိဌာန်ချထားကြောင်းပြောကြားခဲ့သည်။(Xinhua)