Connect with us

Asia

လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း ၄၇၅ ကျောင်း မလေးရှားအာဏာပိုင်များ ပိတ်

မလေးရှားနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် ထိခိုက်ခဲ့သည့် ကျောင်းသားအားတွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ၏ တောင်ပိုင်း Johorပြည်နယ်တွင် စာသင်ကျောင်း ၄၇၅ ကျောင်းကို ဓာတု ညစ်ညမ်းမှုကြောင့် သုံးရက် ပိတ်ပင်လိုက်ကြောင်း ဒေသအာဏာပိုင်များက ဇွန် ၂၅ ရက်က ကြေညာခဲ့သည်။

Pasir Gudang ခရိုင်အတွင်းရှိ ပြည်နယ်ပညာရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက မူလတန်း ကျောင်း ၃၄၇ကျောင်း၊ပုဂ္ဂလိကနှင့် နိုင်ငံတကာကျောင်း ၁၄ကျောင်း၊အဆင့်မြင့်ပညာရေး အဖွဲ့အစည်း ၃ခု၊ မူလတန်းနှင့် အလယ်တန်းကျောင်း ၁၁၁ ကျောင်း ပိတ်လိုက်ကြောင်း Johor ပညာရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး Azman Adnanက ပြောကြားသည်။

Johor Baru ပြည်နယ်မြို့တော် အနီးတွင် တည်ရှိသော Pasir Gudang စက်မှုနယ်မြေတွင်

ဆီအုန်းနှင့် အခြား စက်ရုံကြီးများ၊ ရေနံ ဓာတု စက်ရုံအလုပ်ရုံများ ရှိကြောင်း သိရသည်။ (Xinhua)