Connect with us

Asia

၂ဝ၁၆ ခုနှစ်မှ စ၍ အိန္ဒိယလေတပ်မှ စုစုပေါင်း လေယာဉ် ၂၇ စင်းထိ ပျက်ကျမှုဖြစ်ပွားခဲ့

အိန္ဒိယလေတပ်မှ သယ်ယူပို့ ဆောင်ရေးလေယာဉ်ကြီးတစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

၂ဝ၁၆ ခုနှစ်မှ စတင်ကာ ဂျက်တိုက်လေယာဉ် နှင့် ရဟတ်ယာဉ် ၁၅ စင်းအပါအဝင် အိန္ဒိယလေတပ်မှ စုစုပေါင်းလေယာဉ် ၂၇ စင်း ဆုံးရှုံးခဲ့ရကြောင်း အိန္ဒိယနိုင်ငံအစိုးရက ဇွန် ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်ဆုံးရှုံးမှုစာရင်းကို အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Shripad Naik က အိန္ဒိယပါလီမန်အောက်လွှတ်တော်(သို့မဟုတ်) Lok Sabha လွှတ်တော်သို့ပေးပို့သော အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

ပျက်ကျသွားသောလေယာဉ်များထဲတွင် ဂျက်တိုက်လေယာဉ်များ ၊ ရဟတ်ယာဉ်များ ၊ ထောက်ပို့လေယာဉ် နှင့် လေ့ကျင့်ရေးလေယာဉ်များ ပါအဝင်ကြောင်း အစိုးရထုတ်ပြန်ချက်က ဆိုသည်။

“ ၂ဝ၁၆-၁၇ ခုနှစ်မှာ အိန္ဒိယလေတပ်IAF က ဂျက်တိုက်လေယာဉ် ၆ စင်း ၊ ရဟတ်ယာဉ် ၂ စင်း ၊ ပို့ဆောင်ရေးလေယာဉ် ၁ စင်းနဲ့လေ့ကျင့်ရေးလေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့တယ်။ ၂ဝ၁၇-၁၈ ခုနှစ်မှာ ဂျက်တိုက်လေယာဉ် ၂ စင်း နဲ့ထောက်ပို့လေယာဉ် ၃ စင်း ပျက်ကျခဲ့တယ်။ ၂ဝ၁၈-၁၉ ခုနှစ်မှာတော့ အိန္ဒိယလေတပ်ဟာ ဂျက်တိုက်လေယာဉ် ၇ စင်း ၊ ရဟတ်ယာဉ် ၂ စင်း နဲ့လေ့ကျင့်ရေးလေယာဉ် ၂စင်း အသီးသီး ဆုံးရှုံးခဲ့ရတယ်” ဟု ဝန်ကြီးက ဆိုသည်။

“ ဒီနှစ်ထဲမှာ လေယာဉ်ပျက်ကျမှုတစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်”ဟူ၍လည်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.