တိုကျို ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ ၂၄ ဦးရှိပြီး လူ ၅၀ ကျော် ပျောက်ဆုံးနေကြောင်း သိရသည်။
ခတ္တမန္ဒူ ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ အနောက်မြောက်ပိုင်း Mustang ခရိုင်တွင် ဇူလိုင် ၆ ရက်က ထရပ်ကားတစ်စီး ချောက်ထဲ ပြုတ်ကျသောကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နီပေါရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဖူးကက် ၊ ထိုင်း ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ၌ ဇူလိုင် ၅ ရက်က ဖြစ်ပွားခဲ့သော လှေနှစ်စင်း တိမ်းမှောက်မှု ဖြစ်စဉ်တွင် နောက်ထပ် အလောင်း ၅ လောင်းထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းအစိုးရအရာရှိတစ်ဦးက ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Lyu Jian အား ယနေ့ဇူလိုင်...
ဟနွိုင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ၃၅ ကြိမ်မြောက် အာဆီယံ လူူမှု လုံခြုံရေးအသင်း (ASSA) ဘုတ်အဖွဲ့အစည်းအဝေးကို စက်တင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Nha Trang မြို့၌ ပြုလုပ်မည် ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)...
ချင်းရိုင် ၊ ထိုင်း ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကျောက်ဂူ တစ်ခုအတွင်းပိတ်မိနေသော ဘောလုံးသမား ၁၂ ဦး နှင့် နည်းပြတစ်ဦး အား ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ထိုင်းရေငုပ်သမားတစ်ဦးမှာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ယနေ့ဇူလိုင် ၆ ရက် နံနက်အစောပိုင်းတွင် သေဆုံးသွားကြောင်း...
ဘန်ကောက် ၊ဇူလိုင် ၅ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်တွင် ဇူလိုင်လ ၅ရက်က ရာသီဥတုဆိုးရွားသဖြင့် လှေနှစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ည ၈ း၃၀ နာရီအထိ တိမ်းမှောက်ခဲ့သည့် လှေနှစ်စီးပေါ်မှခရီးသည် ၁၃၃ယောက်အနက် အများစုကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကပ္ပလီပင်လယ်ကျွန်းများတွင် ဇူလိုင်လ ၅ ရက် အစောပိုင်းက အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ တောင်ပိုင်း Telangana ပြည်နယ် အတွင်းရှိ မီးရှုးမီးပန်း ထုတ်လုပ်သည့် စက်ရုံ တစ်ခု တွင် ဇူလိုင်လ ၄ ရက် က မီးလောင်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း...
ဘန်ကောက် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ရေမြုပ်နေသော ဂူတစ်ခုအတွင်း ပိတ်မိနေသည့် ကလေးငယ် ၁၃ ဦးကို ဘေးအန္တရာယ်ကင်းစွာ ဂူပြင်သို့ကယ်ထုတ်ရန် အချိန်မည်မျှကြာအုံးမည်ကို မည်သူမျှ မသိနိုင်သေးကြောင်း ဇူလိုင် ၄ ရက်တွင် ထိုင်းအစိုးရ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တိုကျို ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) အမှတ်(၇) တိုင်ဖုန်းမုန်တိုင်းသည် ယခုရက်သတ္တပတ်အစောပိုင်းတွင် ဂျပန်နိုင်ငံ Okinawa စီရင်စု ဝင်ရောက်ပြီး မြောက်ဘက်သို့ ရွေ့လျားတိုက်ခတ်ခဲ့ရာ ဇူလိုင် ၄ ရက်အထိ တိုင်ဖုန်မုန်တိုင်းကြောင့် ဂျပန်တွင် လူ ၁ ဦးသေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့သည့်အပြင် Okinawa စီရင်စုရှိ...