Connect with us

Asia

မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍ အာဘေး နှင့် ထရမ့် ဖုန်းဆက်ဆွေးနွေး

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန် အားတွေ့ ရစဉ်(ဆင်ဟွာ)

တိုကျို ၊ မေ ၇ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက မေ ၄ ရက် နံနက်ပိုင်းတွင် အရှေ့ဘက်ကမ်းခြေ၌ အမျိုးအမည်မသိတာတိုပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေး နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် တို့သည် မေ ၆ ရက်တွင် ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖုန်းဆက်ဆွေးနွေးရန် ဝန်ကြီးချုပ် အာဘေးက မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရ၏ပြောကြားချက်အရ သိရသည်။ နှစ်နိုင်ငံခေါင်းဆောင်အကြား အဆိုပါဒုံးကျည်ပစ်လွှတ်မှု လုပ်ဆောင်ခဲ့သည့် မေ ၄ ရက် ကတည်းက သတင်းအချက်အလက်များကို အပြန်အလှန်မျှဝေခဲ့ကြဖွယ်ရှိကြောင်း ဂျပန်အစိုးရအရာရှိများ၏ ပြောကြားချက်အရ သိရသည်။

မြောက်ကိုရီးယားနိုင်ငံ နယ်စပ်ကင်းစခန်းတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

မေ ၄ ရက်က မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ဆိပ်ကမ်းမြို့ဖြစ်သော Wonsan မြို့မှ အရှေ့မြောက်ဘက်သို့ဦးတည်၍ ဒုံးကျည်အစင်းပေါင်းများစွာ ၂၁ မိနစ်ကြာ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံပူးတွဲစစ်ဦးစီးချုပ်(JCS) က ဆိုသည်။ ၎င်းဒုံးကျည်များသည် ၇ဝ ကီလိုမီတာ မှ ၂ဝဝ ကီလိုမီတာအထိ ရောက်ရှိပြီး အရှေ့ဖက်ပင်လယ်ပြင်အတွင်းသို့ကျသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုသည် ယခုနှစ် ဖေဖော်ရီလက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ မည်သည့် သဘောတူညီမှုမှ မရရှိခဲ့သော ဒုတိယအကြိမ်မြောက် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့၏ ဆွေးနွေးပွဲပြီးနောက် လုပ်ဆောင်ခဲ့သော ပစ်လွှတ်မှုဖြစ်သည်။

အာဘေးက မြောက်ကိုရီးယားခေါင်းဆောင်ကင်အား မည်သည့် ကြိုတင်ကန့်သတ်ချက်မျှ မရှိသော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဂျပန်ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အာဘေးအနေဖြင့် ဂျပန်နိုင်ငံနှင့်သက်ဆိုင်သော အရေးကိစ္စရပ်များကို မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးရာတွင် ၁၉၇ဝ ပြည့်လွန်နှစ်များနှင့် ၁၉၈ဝ ပြည့်လွန်နှစ်များ အတွင်း လုပ်ဆောင်ခဲ့သည့် ပုံစံမျိုးဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခင်က ပြောကြားထားဖူးသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.