Connect with us

Asia

မော်ရိုကို နိုင်ငံ အစိုးရ က IS အစွန်းရောက် အဖွဲ့အစည်း နှင့် ဆက်သွယ်မှုရှိ သည့် အဖွဲ့အစည်း တစ်ခု အား တိုက်ဖျက်

မော်ရိုကို နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရာဘတ် ၊ မေ ၄ ရက် (ဆင်ဟွာ)

မော်ရိုကို နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန က မေလ ၃ ရက် ၌ နိုင်ငံ ဗဟို ဥပဒေရေးရာ စုံစမ်းစစ်ဆေးမှုဌာန က နိုင်ငံမြောက်ပိုင်းရှိ Tangier မြို့ တွင် IS အစွန်းရောက် အဖွဲ့အစည်း နှင့် ဆက်သွယ်မှုရှိ သည့် အဖွဲ့အစည်း တစ်ခု အား တိုက်ဖျက် နိုင်ခဲ့ပြီး အဖွဲ့ဝင် ၈ ဦး ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် IS အစွန်းရောက် အဖွဲ့အစည်း နှင့် ဆက်သွယ်မှုရှိသည့် အဖွဲ့ဝင် ၈ ဦး က အသက် ၂၀ နှစ် မှ ၃၁ နှစ် အကြား ဖြစ်ကြကြောင်း ၊ ၎င်းတို့အနေဖြင့် အစွန်းရောက် မူဝါဒ ဖြန့်ဝေခြင်း နှင့် မော်ရိုကို တွင် အကြမ်းဖက် တိုက်ခိုက်မှု ဆောင်ရွက်ရန် စီစဉ်နေသည် ဟု သံသယ ရှိကြောင်း ၊ ဖမ်းဆီးခံရသူများ အနက် ညီအကို နှစ်ယောက် က ဆီးရီးယာား နှင့် အီရတ် တွင် IS အစွန်းရောက် အဖွဲ့အစည်း အတွက် တိုက်ပွဲဝင်ပေးခဲ့ကြသူများ ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ကြေညာချက် တွင် ရဲတပ်ဖွဲ့ မှ ဖမ်းစီးမှု ဆောင်ရွက်စဉ် အတွင်း အီလတ်ထရောနှစ် ပစ္စည်းများ ၊ ဓားများ ၊ IS အစွန်းရောက် အဖွဲ့အစည်း ၏ အလံ နှင့် ပြောက်ကျားဝတ်စုံ စသည် တို့ကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ပါဝင် ခဲ့သည်။

၂၀၀၃ ခုနှစ် မေလ တွင် မော်ရိုကို နိုင်ငံ မြောက်ပိုင်း တွင် အကြမ်းဖက် တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီး လူအများသေဆုံးခဲ့ရကြောင်း ၊ မော်ရိုကို အစိုးရ ၏ ထုတ်ပြန်ကြေညာချက် အရ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်း မှ ၂၀၁၈ ခုနှစ် ဇွန်လ အထိ နိုင်ငံ အတွင်း ရှိ အကြမ်းဖက် မူဝါဒ အုပ်စုပေါင်း ၅၃ ခု ကို တိုက်ဖျက် နိုင်ခဲ့ပြီး သံသယ ရှိသူပေါင်း ၈၁၅ ဦး အား ဖမ်းဆီး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.