Connect with us

Asia

ပါကစ္စတန်နိုင်ငံ၌ ၄ လအတွင်းဝရမ်းပြေး ၄,ဝဝဝ ကျော်ဖမ်းဆီးရမိ


အစ္စလာမ်မာဘတ် ၊ မေ ၆ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တော်၌ ၄ လတာကာလအတွင်း ရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းဖမ်းဆီးမှုများကြောင့် ပြစ်မှုများဖြင့်ထွက်ပြေးတိမ်းရှောင်နေသည့် ဝရမ်းပြေးပေါင်း ၄,ဝဝဝ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့မေ ၆ ရက်တွင်ပြောသည်။

ထိုသို့ဖမ်းဆီးမှုများအတွင်း ပြည်ထောင်စုရဲတပ်ဖွဲ့က ဝရမ်းပြေးများထံမှ လက်ဝတ်ရတနာ ၊ ငွေသား နှင့် မော်တော်ကားများအပါအဝင် တန်ဖိုးငွေ ရူပီး ၂၈၁ သန်း( အမေရိကန်ဒေါ်လာ ၁.၉ သန်း) ကို သိမ်းဆည်းရမိခဲ့ကြောင်း အစ္စလာမ်မာဘတ်မြို့တော်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းစာတစ်စောင်က ရေးသားခဲ့သည်။

လေ့ကျင့်ရေးလုပ်ဆောင်နေသော ပါကစ္စတန်ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

လေ့ကျင့်ရေးလုပ်ဆောင်နေသော ပါကစ္စတန်ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

လေ့ကျင့်ရေးလုပ်ဆောင်နေသော ပါကစ္စတန်ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဖမ်းဆီးရမိသူများအား ဆက်လက် စုံစမ်းစစ်ဆေးရာတွင် ဒမြမှု ၁၅၈ မှု ၊ လုယက်မှု နှင့် ခိုးမှု ၁၈၂ မှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ၊ ထို့ပြင် ကားခိုးမှုပေါင်း ၁၁၇ မှုကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ တစ်ဆက်တည်းမှာပင် လူသတ်မှုများ ၊ လူသတ်ရန်ကြိုးပမ်းမှုများ ၊ ဒမြမှုများ နှင့် အခြား ပြစ်မှုများအပါအဝင် အမှုစုစုပေါင်း ၆၃၁ မှု၌ ပါဝင်ခဲ့ကြသည့် ဝရမ်းပြေးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ယခုနှစ် ပထမ ၄ လတာကာလအတွင်း ပြစ်မှုကျူးလွန်ပြီး ဖမ်းဆီးခံထားရသော တရားခံများမှာ ဥပဒေကြောင်းအရ အသီးသီး အရေးယူခံရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကဆိုသည်။(Xinhua)