မနီလာ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Quezon ပြည်နယ်ပြင်ပတွင် ဒီဇင်ဘာလ ၂၁ ရက်က လူ ၂၅၁ ဦးလိုက်ပါလာသော သင်္ဘော တစ်စီး နစ်မြုပ်သွားခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ပြောကြားခဲ့သည်။
တီဟီရန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ တီဟီရန်ပြည်နယ် Malard မြို့တွင် ဒီဇင်ဘာလ ၂၀ ရက် ဒေသစံတော်ချိန် ည ၁၁း၂၇ နာရီက အင်အား ၅.၂ ပြင်းအားရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း အီရန် မြေငလျင်စင်တာ (ISC) က ပြောကြားခဲ့သည်။
ဆိုးလ်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အစိုးရ က လျှို့ဝှက်ကင်မရာဆိုင်ရာ မှုခင်းများကို ကာကွယ်နိုင်ရန် အများပြည်သူဆိုင်ရာ ရေချိုးအိမ်များ၊ အဝတ်လဲခန်းများ နှင့် ရေအိမ်များအတွင်း ဓါတ်ပုံ၊ဗွီဒီယို ရိုက်ကူးခြင်းအားလုံးကို တားမြစ်ရန် စီစဉ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဒီဇင်ဘာ ၁၉ ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဈေးဆိုင်တစ်ခုတွင် ယနေ့ (ဒီဇင်ဘာလ ၁၈ ရက်) မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး အခြားသူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
မနီလာ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာလ ၁၆ ရက်က အပူပိုင်းမုန်တိုင်း အဆတ်မပြတ် တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့ပြီး အခြားသူ ၄၆ ဦး ပျောက်ဆုံးနေကြောင်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာလ ၁၈ ရက်တွင်...
ဟောင်ကောင်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Cipatujah မြို့ အရှေ့တောင်၏ အရှေ့ဘက် တွင် အင်အား ၆.၅ ပမာဏရှိသည့် ငလျင်ပြင်းတစ်ခု လှုပ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေး (USGS) ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ အဓိကအတိုက်အခံပါတီတစ်ခုဖြစ်သည့် ကွန်ဂရက်ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီ က ၎င်း၏ သားဖြစ်သူ ရာဟူဂန္ဒီထံ ဒီဇင်ဘာ ၁၆ ရက်တွင် တာဝန်များလွှဲပြောင်းပေးပြီးနောက် ရာထူးမှ အနားယူတော့မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံမြောက်ပိုင်းမှ မူးယစ်ရာဇာတစ်ဦးအား မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထိုင်းတရားရုံးက ဒီဇင်ဘာ ၁၃ ရက်တွင် ထောင်ဒဏ် ၂၅နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
တိုကျို၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ စစ်ရဟတ်ယာဉ် တစ်စင်းမှ တံခါးပေါက် တစ်ချပ် ဒီဇင်ဘာလ ၁၃ ရက်က ပြုတ်ကျခဲ့သည်ဟု အိုကီနာဝါရှိ အမေရိကန်စစ်တပ်က ပြောကြားခဲ့ကြောင်း ဂျပန်နိုငငံ တောင်ဘက်စွန်း စီရင်စုရှိ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ကားတိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၁၃ ရက်တွင် ပြောကြားလိုက်သည်။