Connect with us

Asia

အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသအတွင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန် ပါကစ္စတန် ကမ်းလှမ်း

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်းအား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုမြင့်တက်ခဲ့ရသည့် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအား စုံစမ်းစစ်ဆေးရာတွင် အိန္ဒိယနိုင်ငံက ပူးပေါင်းဆောင်ရွက်ရန် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း (Imran Khan) က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံသို့ ရုပ်မြင်သံကြားမိန့်ခွန်းပြောရာတွင် ယင်းတိုက်ခိုက်မှုအား အလေးထားပြီး “တရားဥပဒေနှင့် ငြိစွန်းသော သက်သေ” ဝေမျှရန်နှင့် စုံစမ်းစစ်ဆေးမှုတွင် ပါကစ္စတန်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားမည် ဖြစ်ကြောင်း ခန်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က အိန္ဒိယဘက်မှထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် အသေခံတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ တပ်သား ၄၀ ဦး သေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံအား စွပ်စွဲခဲ့သော်လည်း နောက်ပိုင်းတွင် ထိုစွပ်စွဲမှုအား ပယ်ဖျက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း Jaish-e-Mohammad (JeM) စစ်သွေးကြွအုပ်စုက ပြောကြားခဲ့သည်။

ထို တိုက်ခိုက်မှုဖြစ်ပြီးနောက် တစ်စုံတစ်ရာ စုံစမ်းစစ်ဆေးမှု မပြုလုပ်ဘဲ “ပါကစ္စတန်နိုင်ငံအား ပြင်းထန်စွာ စွပ်စွဲခြင်း” အတွက် ဝမ်းနည်းရပါကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်က ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.