Connect with us

Asia

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် လေကြောင်းပြသမှုအစမ်းလေ့ကျင့်စဉ် လေယာဉ်နှစ်စင်းတိုက်မိ

“ဆာရာကီရန် လေယာဉ်အလှပျံသန်းခြင်းအဖွဲ့” ၏ လေကြောင်းပြပွဲ အစမ်းလေ့ကျင့်မှုများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ဘန်ဂယ်လူရူမြို့ရှိ လေတပ်အခြေစိုက်စခန်းတွင် “၂၀၁၉ ခုနှစ် အိန္ဒိယလေကြောင်းပြပွဲ” အတွက် အစမ်းလေ့ကျင့်မှုပြုလုပ်ခဲ့ရာ “ဆာရာကီရန် လေယာဉ်အလှပျံသန်းခြင်းအဖွဲ့” ၏ လေယာဉ် နှစ်စင်း ဖေဖော်ဝါရီလ ၁၉ ရက်က ပျက်ကျခဲ့ကြောင်း မီဒီယာသတင်းများအရ သိရသည်။

လေယာဉ်နှစ်စင်းလုံး၏ လေယာဉ်မှူးများမှာ လေယာဉ်အတွင်းမှ ဘေးကင်းစွာခုန်ထွက်နိုင်ခဲ့ကြောင်း၊ လေယာဉ်ပျက်ကျမှုကြောင့် လူသေဆုံးခြင်း သို့မဟုတ် မြေပြင်ပေါ်မှ အဆောက်အအုံ ပျက်စီးခြင်းမရှိကြောင်း သိရသည်။

လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များအား မသိရသေးကြောင်း သတင်းများက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.