မနီလာ ၊ မေ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တံခါးဖွင့်သွားရန်စိတ်ကူးထားကြောင်း ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက မေလ ၁ ရက်တွင် ပြောကြားလိုက်သည်။
ဆိုးလ် ၊ မေ ၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်း၌ ဝန်ချီစက်(ကရိန်း) ပြိုကျမှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း Yongap သတင်းဌာနက ယနေ့(မေလ ၁ ရက်)တွင် သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန်၊ မေ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံမှ ခေါင်းဆောင်များနှင့် ဧပြီလ ၃၀ ရက်က တယ်လီဖုန်းဖြင့် သီးခြားစီ စကားပြောဆိုခဲ့ရာတွင် အရှေ့တောင်အာရှ နိုင်ငံများအပေါ် ထားရှိသည့် အမေရိကန်နိုင်ငံ၏ ကတိကဝတ်အား ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။
ခတ္တမန္ဒူ၊ မေ ၁ ရက် (ဆင်ဟွာ) ဆွစ် စက်ရုပ်လူသားဟု လူသိများသော နာမည်ကျော် ဆွစ် တောင်တက်သမား ယူအီလီ စတက်ခ်သည် ဧပြီလ ၃၀ ရက်က Nuptse တောင်ခြေရင်းတွင် ပြုတ်ကျသေဆုံးခဲ့ကြောင်း နီပေါ တာဝန်ရှိသူများနှင့် တောင်တက် အဖွဲ့ ကုမ္ပဏီက ပြောြ့ားခဲ့သည်။
ပြုံယမ် ၊ မေ ၁ ရက် ၉(ဆင်ဟွာ) နျူကလီးယားပစ်ခတ်နိုင်ရန် တောင်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်နေခြင်းသည် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုဖြစ်ပေါ်စေသည့် အဓိကအရင်းအမြစ်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ဧပြီလ ၃ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဆိုးလ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ က ဧပြီ ၂၉ ရက်တွင် ပစ်လွှတ်စမ်းသပ်သော တိုက်ချင်းပစ်ဒုံးပျံသည် မြေပြင်မှ ပျံတက်ပြီး မကြာမီပင် ပေါက်ကွဲသွားခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ Yonhap သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။
မနီလာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဧပြီ ၂၈ ရက် ည က အဓိက လမ်းမကြီးတစ်ခု တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် သတင်းဋ္ဌာနများက ပြောကြားခဲ့သည်။
ဂျာကာတာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တွင် ရစ်ချ်တာစကေး ၆.၈ ရှိသည့် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် မိုးလေဝသ နှင့် ဘူမိရူပဗေဒဋ္ဌာန က နိုင်ငံအလယ်ပိုင်း မြောက်စူလာဝီဆီပြည်နယ်တွင် ထုတ်ပြန်ခဲ့သော ဆူနာမီသတိပေးချက်အား ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ဋ္ဌာန၏ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
ကိုလ်ကတ္တား၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စြင်္က ံ (BCIM-EC) ကို အစိုးရအချင်းချင်း အဆင့်မြှင့်တင်ရန် ဧပြီလ ၂၆ ရက်က လေးနိုင်ငံ သဘောတူလိုက်ကြောင်း သိရသည်။
ဆိုးလ် ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) တောင်ကိုရီးယား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က (Terminal High Altitude Area Defense,THAAD) ဒုံးကျည်ကာကွယ်ရေး စနစ် ၏ အစိတ်အပိုင်း အချို့ကို တောင်ကိုရီးယား နိုင်ငံ မြောက်Gyeongsang ပြည်နယ် Seongju...