နယူးဒေလီ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒရာ ပရာဒတ်ပြည်နယ် မြို့တော် ဘိုပါးရှိ အကျဉ်းထောင် အစောင့်အား အောက်တိုဘာလ ၃၁ ရက်၌ သတ်ကာ တရားမဝင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အစွန်းရောက် အစ္စလာမ်မစ် ကျောင်းသားများ လှုပ်ရှားမှုအဖွဲ့ဝင် (SIMI) အနည်းဆုံး၈ ဦး...
ဟနွိုင်း၊ အောက်တိုဘာ ၃၁ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကုန်းမြင့်ဒေသ တွင် ဦးခေါင်းသေးငယ်စွာ မွေးဖွားလာသည့် ကလေးငယ်တစ်ဦးသည် ဇီကာဗိုင်းရပ်စ် နှင့် များစွာ ဆက်နွယ်မှု ရှိနေကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဋ္ဌာန တစ်ခုက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံသမ္မတ ပရာနပ် မူခါဂျီ သည် နီပေါနိုင်ငံသမ္မတ Bidya Devi Bhandari ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂ မှ ၄ရက်အထိ နီပေါနိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နီပေါနိုင်ငံ က အောက်တိုဘာ ၂၉ရက်တွင်ပြောကြားခဲ့သည်။
ဟနွိုင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလုပ်သမား၊ မသန်စွမ်းများနှင့် လူမှုရေးရာဝန်ကြီးဋ္ဌာန လက်အောက်ရှိ အလုပ်သမားနှင့် လူ့အဖွဲ့အစည်း (Lao Dong & Xa Hoi) သတင်းစာ အယ်ဒီတာချုပ် ငုယင် တန် ဖုန်သည် လောင်းကစားမှုဖြင့် ထိန်းသိမ်းခြင်းခံထားရကြောင်း ဟနွိုင်း ရဲတပ်ဖွဲ့က...
တိုကျို၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေးသည် အောက်တိုဘာ ၂၆ရက်က ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဝန်ကြီးချုပ်ရုံး၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ခတ္တမန္ဒူ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အလယ်ပိုင်း၊ မြို့တော် ခတ္တမန္ဒူမြို့ တောင်ဘက် ကီလိုမီတာ ၈၀အကွာ Hetauda မြို့ ရှိ အစိုးရရုံးအဆောက်အအုံတစ်ခုတွင် အောက်တိုဘာ ၂၆ရက် နေ့လည်ပိုင်း က ဟင်းချက်ရာတွင် အသုံးပြုသည့် ဓါတ်ငွေ့အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၃၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖနွမ်းပင်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ဖနွမ်းပင်မြို့အရှေ့ဘက် ဆင်ခြေဖုံးဒေသတွင် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက အထည်ချုပ်စက်ရုံ အလုပ်သမားပို့ဆောင်ရေး ထရပ်ကားတစ်စီး တိမ်းမှောက်ခဲ့၍ အလုပ်သမား ၇၂ဦးထက်အနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘောဒီးယားအလုပ်သမားဝန်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
ကွာလာလမ်ပူ ၊ အောက်တိုဘာ ၂၅ ရက် မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟိုးဘာရူးမြို့ရှိ ဆေးရုံတစ်ရုံတွင် အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ဆေးရုံပေါ်တွင်တက်ရောက်ဆေးကုသမှုခံယူနေသည့် လူနာ ၆ ဦးသေဆုံးသွားကြောင်း The Star သတင်းစာဖော်ပြချက်အရသိရသည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အမျိုးသား မြို့တော် နယူးဒေလီရှိ တရားမဝင် ကာစီနိုဝိုင်း တစ်ခုအား ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ရာ ၃၆ ဦးအား ဖမ်းဆီးမိခဲ့ကြောင်း အများစုမှာ စီးပွားရေးသမားများ ဖြစ်ကြောင်း သိရသည်။
ဆိုးလ် ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံသမ္မတ ပတ်ဂွန်ဟေး က နှစ်ပေါင်း ၃ဝ နီးပါးသက်တမ်းရှိပြီးဖြစ်သော တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှုပြုလုပ်ရန် ယနေ့အောက်တိုဘာလ ၂၄ ရက်တွင် တောင်းဆို လိုက်ကြောင်း သိရသည်။