ဟိုချီမင်းစီးတီး၊ နိုဝင်ဘာ ၁၅ရက် (ဆင်ဟွာ) အဖိုးတန်ကျောက်စိမ်းဖြင့် ထုလုပ်ထားသည့် ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းရုပ်ပွားများအနက် ရုပ်ပွားတော်ကြီးတစ်ခုအား ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Binh Duong ပြည်နယ် ၌ နိုဝင်ဘာ ၁၈ မှ ၂၃ရက်အထိ အပူဇော်ခံပြသသွားမည်ဖြစ်ကြောင်း ဗီယက်နမ်သတင်းဋ္ဌာန က နိုဝင်ဘာ ၁၄ရက်တွင်ဖော်ပြခဲ့သည်။
ဟိုချီမင်း၊နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Ba Ria Vung Tau ပြည်နယ် မှ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးထံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လက္ခဏာတွေ့ရှိကြောင်း နှင့် ၎င်းပြည်နယ်၌ ပထမဆုံး ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက နိုဝင်ဘာလ ၁၄ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ခရိုင် ရှိ ဘုရားကျောင်းတစ်ခုတွင် နိုဝင်ဘာ ၁၂ရက်ညက အသေခံဗုံးပေါက်ကွဲခဲ့၍ လူ၄၀ဦးထက်မနည်းသေဆုံးကာ ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများ နှင့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ပြည်တွင်း ရုပ်သံလိုင်း Abb Takk က ဖော်ပြချက်အရ ပေါက်ကွဲမှုကြောင့် အမျိုးသမီးများ...
မနီလာ၊ နိုဝင်ဘာ ၁၁ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Basilan ပြည်နယ်ကမ်းရိုးတန်းအလွန် တွင် နိုင်ငံခြား သင်္ဘောတစ်စီး မှ ဗီယက်နမ်လူမျိုး သင်္ဘောသား ငါးဦးအား အနည်းဆုံး သေနတ်သမား ၁၀ဦးက နိုဝင်ဘာ ၁၁ရက်တွင် ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၁၁ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် အနီးရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် နိုဝင်ဘာ ၁၁ရက် အစောပိုင်းက အကြီးစား မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့၍ လူ၁၅ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ အကြီးတန်း ရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။
ဟနွိုင်း ၊ နိုဝင်ဘာ ၁ဝ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၌ နှစ်စဉ် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁ဝဝဝ ဦး ခန့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရကြောင်း ဗီယက်နမ်နိုင်ငံ အလုပ်သမား၊တရားမဝင်နေထိုင်သူများ နှင့် လူမှုရေးရာဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်တွင်းသတင်းမီဒီယာများက နိုဝင်ဘာလ ၁ဝ...
မနီလာ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်သမ္မတ ဒူတာတေး က အမေရိကန်သမ္မတ အဖြစ် ထရန့် ရွေးချယ်တင်မြှောက်ခံရသည့်အတွက် အမေရိကန်အား တိုက်ခိုက်ပြောဆိုမှုများ ပြုလုပ်တော့မည်မဟုတ်ကြောင်း ကတိကဝတ်ပြုပြောကြားခဲ့သည်။
ဘာလီ၊ အင်ဒိုနီးရှား၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေး ဒုတိယဝန်ကြီး မန်းဟုန်ဝေး (Meng Hongwei) အား အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) ၏ ဥက္ကဥအဖြစ် နိုဝင်ဘာလ ၁၀ ရက်က ရွေးချယ်ခန့်အပ်ခြင်းခံရကြောင်း သိရသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် လက်ရှိ သုံးစွဲနေသည့် ငွေကြေး ရူပီး ၅၀၀ တန်နှင့် ၁၀၀ တန်တို့အား နိုင်ငံ၏ ငွေကြေး လည်ပတ်မှု စနစ်မှ ရုပ်သိမ်းတော့မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက နိုဝင်ဘာလ ၈ ရက်တွင် ကြေညာလိုက်သည်။
ဂျကာတာ ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Banten ပြည်နယ်၌ (ယနေ့)နိုဝင်ဘာလ ၈ ရက် နံနက်အစောပိုင်းက ပြင်းအား ၆.ဝ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ၊ သို့သော် ဆူနာမီသတိပေးမှုများ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ နှင့် ဘူမိရူပဗေဒအေဂျင်စီက ပြောကြားခဲ့သည်။