Connect with us

Asia

ဖိလစ်ပိုင် အလယ်ပိုင်းတွင် အင်အား ၅.၂ ပမာဏရှိ ငလျင်လှုပ်ခတ်

ငလျင်တိုင်းတာမှု ပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း အရှေ့ဆာမားပြည်နယ် ၌ သြဂုတ် ၂၄ရက်တွင် အင်အား ၅.၂ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဆိုင်ရာ ဌာန (Phivolcs) က ပြောကြားခဲ့သည်။

Phivolcs က ငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂း၃၃နာရီ တွင် အရှေ့ဆာမားပြည်နယ် ရှိ Guiuan မြို့ အရှေ့မြောက်ဘက် ၇၂ကီလိုမီတာခန့်ရှိ မြေပြင်အနက် တစ်ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဌာနက ငလျင်လှုပ်ခတ်မှုဒဏ်ကို အရှေ့ဆာမားပြည်နယ်၏ မြို့တော် Boronganမြို့ မှ ခံစားသိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု မရှိနိုင်ကြောင်း ခန့်မှန်းရသော်လည်း ပြည်နယ်အတွင်း နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နိုင်သေးကြောင်း Phivolcs ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.