ဖနွမ်းပင်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ဖနွမ်းပင်မြို့အရှေ့ဘက် ဆင်ခြေဖုံးဒေသတွင် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက အထည်ချုပ်စက်ရုံ အလုပ်သမားပို့ဆောင်ရေး ထရပ်ကားတစ်စီး တိမ်းမှောက်ခဲ့၍ အလုပ်သမား ၇၂ဦးထက်အနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘောဒီးယားအလုပ်သမားဝန်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
ကွာလာလမ်ပူ ၊ အောက်တိုဘာ ၂၅ ရက် မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟိုးဘာရူးမြို့ရှိ ဆေးရုံတစ်ရုံတွင် အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ဆေးရုံပေါ်တွင်တက်ရောက်ဆေးကုသမှုခံယူနေသည့် လူနာ ၆ ဦးသေဆုံးသွားကြောင်း The Star သတင်းစာဖော်ပြချက်အရသိရသည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အမျိုးသား မြို့တော် နယူးဒေလီရှိ တရားမဝင် ကာစီနိုဝိုင်း တစ်ခုအား ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ရာ ၃၆ ဦးအား ဖမ်းဆီးမိခဲ့ကြောင်း အများစုမှာ စီးပွားရေးသမားများ ဖြစ်ကြောင်း သိရသည်။
ဆိုးလ် ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံသမ္မတ ပတ်ဂွန်ဟေး က နှစ်ပေါင်း ၃ဝ နီးပါးသက်တမ်းရှိပြီးဖြစ်သော တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှုပြုလုပ်ရန် ယနေ့အောက်တိုဘာလ ၂၄ ရက်တွင် တောင်းဆို လိုက်ကြောင်း သိရသည်။
ဗီယင်ကျန်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ ကြက်တောင်ရိုက် အဖွဲ့ချုပ်နှင့် ထိုင်းနိုင်ငံ ကြက်တောင်ရိုက်အသင်းတို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံတကာ ပွဲစဉ်များအား အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း ဒေသခံ...
ဟနွိုင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် အောက်တိုဘာ ၂၄ရက် နံနက်ပိုင်းက ရထားတစ်စီး နှင့် ကားတစ်စီး တိုက်မိခဲ့၍ လူလေးဦး အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ပြီး အခြား လူသုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စင်ကာပူ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) စင်ကာပူသမ္မတ တိုနီတန် ကန်ယမ် သည် ထိုင်းနိုင်ငံ တော်ဝင်နန်းတော်တွင် ပူဇော်ထားသော ကံတော်ကုန်ခဲ့သည့် ထိုင်းဘုရင် ဘူမိဘောလ် အဒူလျာဒတ်၏ ရုပ်ကလာပ်အား ဂါရဝပြုရန် ဘန်ကောက်မြို့သို့ အောက်တိုဘာ ၂၄ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန (MFA) က...
ဘန်ကောက်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) နတ်ရွာစံသွားပြီ ဖြစ်သော ထိုင်း ဘုရင် ဘူမီဘော အဒူယာဒတ်အား ဂုဏ်ပြု သီဆိုရန်အတွက် ထိုင်းပြည်သူ အများအပြားသည် ရုပ်ကလာပ်တော်ထားရှိရာ ဘန်ကောက် တော်ဝင်နန်းတော်ပြင်ပ၌ အောက်တိုဘာလ ၂၂ ရက်က စုဝေးရောက်ရှိခဲ့ကြောင်း သိရသည်။
ဂျာကာတာ၊ အောက်တိုဘာ၂၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Banten ပြည်နယ် Tangerangမြို့တွင် အောက်တိုဘာ ၂၀ ရက်က အမျိုးသားတစ်ဦးသည် ရဲဝန်ထမ်းများအား တိုက်ခိုက်ခဲ့၍ အကြီးတန်းအရာရှိတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒစ်ရှာပြည်နယ်တွင် ကြောက်မက်ဖွယ် လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် ဆေးရုံ မီးလောင်ကျွမ်းမှုအတွက် ဆရာဝန် တစ်ဦး အပါအဝင် လူ လေးဦးအား ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။