Connect with us

Asia

ထိုင်းနိုင်ငံတွင် ခရီးသွားဘတ်စ်ကားတစ်စီး လမ်းဘေးမြောင်းအတွင်းသို့ပြုတ်ကျရာ လူ ၁၉ဦးဒဏ်ရာရရှိ

ထိုင်းနိုင်ငံ တွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်း Surat Thani ပြည်နယ် ၌ ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ခရီးသွားဘတ်စ်ကားတစ်စီး လမ်းဘေးမြောင်းအတွင်းသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၁၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခုကဖော်ပြခဲ့သည်။

မြူနှင်းများ ထူထပ်စွာကျဆင်းနေသည့် နံနက်ပိုင်းတွင် အဆိုပါ ဘတ်စ်ကားသည် ခရီးသည် ၃၆ဦးကို တင်ဆောင်ကာ ဘန်ကောက်မြို့မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ဘတ်စ်ကားသည် အဝေးပြေးလမ်းမပေါ်မှ လမ်းကြောင်းလွဲချော်ပြီး မြောင်းအတွင်းထိုးကျကာ သစ်ပင် နှင့်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ခရီးသည် ၁၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သတင်း၌ပါရှိသည်။

အသက် ၅၅နှစ်အရွယ် ကားဒရိုင်ဘာဖြစ်သူ က ၁၀ဘီးကားတစ်စီး သည် ၎င်း၏ ဘတ်စ်ကားအား ကျော်တက်ရန်ကြိုးစားစဉ် ဘယ်ဘက်သို့တိမ်းရှောင်လိုက်ရာမှ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ခရီးသည်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းက ဘတ်စ်ကားသည် မြူနှင်းများ ထူထပ်စွာကျဆင်းနေသော်လည်း အမြန်နှုန်း ၁၀၀ကီလိုမီတာဖြင့် မောင်းနှင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ရဲတပ်ဖွဲ့ကလည်း အဆိုပါ ယာဉ်မောင်းသည် အရှိန်လွန်မောင်းနှင်မှု ၂ကြိမ်ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး ယင်းအမှုအား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117