ဒါကာ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ရှောင်မီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထိပ်တန်း ဆဲလ်ဖုန်း အော်ပရေတာ ဂရမ်မင်းဖုန်းနှင့် ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုအဖြစ် စမတ်ဖုန်း သုံးမျိုးအား မိတ်ဆက်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သည့် ကွန်ဂရက်ပါတီခေါင်းဆောင် မစ္စက်ဆိုနီယာဂန္ဒီသည် မြို့တော်ဒေလီရှိ ဆေးရုံတစ်ရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ဟွတ်ဟော့ ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုးလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းပိုင်း၌ လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝ ကျော်က ရေးချယ်ခဲ့သည့် အလွန်လှပသော ရှေးဟောင်းနံရံဆေးရေး ပန်းချီများပါရှိသည့် ဂူသင်္ချိုင်း သုံးခုကို ရှေးဟောင်းသုတေသနပညာရှင်များက ရှာဖွေတွေ့ရှိထားကြောင်း အာဏာပိုင်များက သြဂုတ်လ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားသည်။
နယူးဒေလီ ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ဗဟိုတရားရုံးချုပ်သည် ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် Janmashitami (လူသားပိရမစ်) ပွဲတော်၌ အသက် ၁၈ နှစ်အောက် ကလေးငယ်များပါဝင်ခြင်းမပြုရန် သြဂုတ်လ ၁၇ ရက်တွင် အမိန့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။
နယူးဒေလီ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် မုန့်တိုက်တစ်ခု၌ ယနေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
နယူးဒေလီ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာ အပူပိုင်း ပြည်နယ်တွင် တရားမဝင် အရက်သောက်သုံးပြီးနောက် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း အဆင့်မြင့် ရဲ အရာရှိ တစ်ဦးက ပြောသည်။
ကွာလာလမ်ပူ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ဆီတင်သင်္ဘောတစ်စီးသည် မလေးရှားဆိပ်ကမ်းမှ ထွက်ခွာလာပြီးနောက် ပြန်ပေးဆွဲခံရသည်ဟု ယုံကြည်ရကြောင်း အာဏာပိုင်များက သြဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ လူနာ ၆ ဦးအား ဆေးထိုးသတ်ပြီး ၎င်းတို့၏ရုပ်အလောင်းများအား ယာတောအိမ်ခြံဝင်းအတွင်း မြှုပ်နှံထားခဲ့သည့် ဆရာဝန်တစ်ဦးအား ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က သြဂုတ်၁၆ ရက်တွင် ပြောသည်။
ဟနွိုင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ဗီယက်နမ်လေယာဉ်တစ်စီး သည် သြဂုတ် ၁၅ ရက်က ပျံသန်းနေစဉ် ငှက်တစ်ကောင် နှင့် တိုက်မိ၍ အရေးပေါ် ဆင်းသက်မှု တစ်ခု ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ဂျာကာတာ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒို သည် အသစ်ရွေးချယ်တင်မြောက်ခဲ့သည့် ဝန်ကြီးအဖွဲ့မှ ဝန်ကြီးတစ်ဦး သည် အင်ဒိုနီးရှားနိုင်ငံသားကတ် နှင့် အမေရိကန်နိုင်ငံသားကတ် နှစ်မျိုးစလုံး ကိုင်ဆောင်ထားကြောင်း ကောလာဟလများ ထွက်ပေါ်လာပြီးနောက် ယင်းဝန်ကြီးအား ရာထူးမှ ရပ်ဆိုင်းရန် သြဂုတ် ၁၅ ရက်...