Connect with us

Asia

သတင်းထောက်တစ်ဦးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည့် ဂျပန်မြို့တော်ဝန်တစ်ဦး ရာထူးမှ နုတ်ထွက်

ရာထူးမှ နုတ်ထွက်သွားသော ဂျပန်နိုင်ငံ အရှေ့ ပိုင်း Nishinomiya မြို့  မြို့ တော်ဝန် တက်ကီရှီအီမာမူရာ အားတွေ့ ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဖေဖော်ဝါရီ ၂ဝ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အရှေ့ပိုင်း ဒေသရှိ မြို့တော်ဝန်တစ်ဦးသည် သတင်းထောက်တစ်ဦးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှု ပြုလုပ်ခဲ့သည်အတွက် ဝေဖန်ပြစ်တင်ခံရပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။

ဟိုင်ယိုဂို စီရင်စု(Hyogo) နီရှီနိုမီယာမြို့(Nishinomiya) ၏ မြို့တော်ဝန် တက်ကီရှီအီမာမူရာ(Takeshi Imamura)သည် မေလတွင် ရာထူးသက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း လွှတ်တော်ဥက္ကဋ္ဌ မာဆာတာကီ ( Masatake Tanaka) ထံ မမျှော်လင့်ဘဲ ၎င်း၏ နုတ်ထွက်စာကို တင်ခဲ့ခြင်းဖြစ်သည်။

အသက် ၄၅ နှစ်အရွယ်ရှိ အီမာမူရာသည် ပြီးခဲ့သော ဇန်နဝါရီ ၄ ရက်က နှစ်သစ်ကူးအခမ်းအနားဆင်နွှဲပြီးနောက် ၎င်းထံ ချဉ်းကပ်သတင်းမေးမြန်းခဲ့သည့် နိုင်ငံပိုင် ယိုမီယူရီရှင်ဘွန်း ( Yomiuri Shimbun ) သတင်းစာမှ သတင်းထောက်တစ်ဦးအား “ ငါမင်းကို သတ်မယ်” ဟု ပြောကြားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဆိုသည်။

အဆိုပါ အခမ်းအနားတွင် အီမာမူရာက ၎င်း၏ ရာထူးသက်တမ်း ၄ နှစ် ကုန်ဆုံးပြီးချိန် လာမည့် ဧပြီလ၌ ကျင်းပမည့် မြို့တော်ဝန် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုသို့သတ်ဖြတ်ရန် ခြိမ်းခြောက်ပြောဆိုခြင်းမှာ အဆိုပါသတင်းထောက်သည် မြို့တော်ဝန်၏ သီးသန့်စံအိမ်တော်သို့သွားရောက်လည်ပတ်ခဲ့ပြီးနောက်တွင် လွဲမှားစွာသတင်းဖော်ပြခဲ့သည့်အတွက် “ နှုတ်အားဖြင့် ခြိမ်းခြောက်ပြောဆိုမှု” လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အီမာမူရာက ဝန်ခံပြောကြားခဲ့သည်။

မြို့တော်ဝန် အီမာမူရာ၏ မှတ်ချက်စကားအပေါ် ယိုမီယူရီရှင်ဘွန်း သတင်းစာက ကန့်ကွက်စာတစ်စောင်ပေးပို့ခဲ့သည်။

အီမာမူရာသည် အဖွဲ့အစည်းအသစ်တစ်ခုတွင် ရာထူးနေရာတစ်ခု ရရန် “ ဘက်လိုက်မှု” လုပ်ဆောင်ခဲ့ကြောင်း သတင်းစာကရေးသားဖော်ပြခဲ့ပြီး ၊ ၎င်းသတင်းသမားအား ပိုင်နက်ကျူးလွန်မှုကို တောင်းပန်ခြင်းမပြုသည့်အတွက် “ မင်းကို သတ်ပစ်မယ်” ဟု ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း အီမာမူရာက ဖြေရှင်းချက်ထုတ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.