Connect with us

Asia

အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း တွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၄ ဦး သေဆုံး

ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည့် အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း Meghalaya ပြည်နယ် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း Meghalaya ပြည်နယ် တွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညပိုင်း အချိန်၌ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ Meghalaya ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အပါအဝင် လူပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရ သိရှိရသည်။

Meghalaya ပြည်နယ် ရဲတပ်ဖွဲ့ က ဗုံးခွဲတိုက်ခိုက်မှု သည် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ၁၉ နာရီ ၅၀ မိနစ် ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ၊ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အိန္ဒိယ နိုင်ငံ အမျိုးသားရေး ကွန်ဂရက် ပါတီ Meghalaya ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး နှင့် ယင်း ပါတီဝင် ၂ ဦး တို့ သေဆုံးခဲ့ရကြောင်း ပြောကြား ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ လွှတ်တော် ကိုယ်စားလှယ် က မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှု ဆောင်ရွက်အပြီး အပြန်လမ်းတွင် ဗုံးများကို ဖောက်ခွဲခဲ့ပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်အရ ယခု တိုက်ခိုက်မှုသည် GNLA လက်နက်ကိုင် အဖွဲ့အစည်း က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အခင်းမဖြစ်ပွားမီ ရဲတပ်ဖွဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ဖူးကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.