Connect with us

Asia

အိန္ဒိယ နိုင်ငံ ၌ မင်္ဂလာပွဲ တစ်ခု တွင် ဂတ်စ်အိုး ပေါက်ကွဲမှု ဖြစ်ပွား ရာ လူပေါင်း ၁၈ ဦး သေဆုံး

ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညပိုင်းအချိန်တွင် Ajmer ဒေသ တွင်း ကျင်းပ ခဲ့သည့် မင်္ဂလာပွဲ တစ်ခု တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ဖော်ပြချက်အရ နိုင်ငံ အနောက်မြောက်ပိုင်း Rajasthan ပြည်နယ် Ajmer ဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် မင်္ဂလာ ပွဲ တစ်ခု တွင် ဂတ်စ်အိုး ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၈ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညပိုင်းအချိန်တွင် Ajmer ဒေသ ရှိ အဆောက်အဦ တစ်ခုတွင် ကျင်းပ ပြုလုပ်ခဲ့သည့် မင်္ဂလာပွဲ တစ်ခု တွင် စားဖိုမှူး က ဂတ်စ်အိုး အား ဂတ်စ်ဖြည့်ရာတွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း ၊ ပေါက်ကွဲမှုကြောင့် ၃ ထပ် အဆောက်အဦ ပြိုလဲခဲ့ရပြီး လူအများ ပိတ်မိနေခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် သတင်းဖော်ပြချက်များတွင် အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ နှင့် မီးသက်တပ်ဖွဲ့ဝင် တို့က အခင်းဖြစ်ပွားရာ နေရာ သို့ လျင်မြန်စွာရောက်ရှိလာခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်ထိ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ က အခင်းဖြစ်ပွား ရာနေရာ တွင် ရုပ်အလောင်း ၁၈ လောင်း တွေ့ရှိခဲ့ကြောင်း ရေးသား ဖော်ပြခဲ့ကြသည်။

အိန္ဒိယ နိုင်ငံ တွင် ဂတ်စ်အိုး လုံခြုံရေး နှင့် ပတ်သက်၍ သတ်မှတ်ချက်များ နည်းပါးသောကြောင့် မကြာခဏ ပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.