Connect with us

Asia

ဂျပန်မြောက်ပိုင်းတွင် အမေရိကန်တိုက်လေယာဉ် ၏ အင်ဂျင်မီးလောင်မှုဖြစ်ပွား

အမေရိကန် F-16 တိုက်လေယာဉ် တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မြောက်ပိုင်း ရှိ အမေရိကန် မီဆာဝါလေတပ်အခြေစိုက်စခန်းမှ ပိုင်ဆိုင်သော F -16 တိုက်လေယာဉ်တစ်စီး သည် ဖေဖော်ဝါရီ ၂၀ရက် နံနက်ပိုင်းတွင် စခန်းမှ ထွက်ခွာလာပြီးမကြာခင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန ကပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး အီဆူနိုရီ အိုနိုဒဲရာ က F-16 တိုက်လေယာဉ် သည် အာအိုမိုရိစီရင်စု ရှိ မီဆာဝါလေတပ်အခြေစိုက်စခန်းမှ ဒေသစံတော်ချိန် နံနက် ၈း၃၉မိနစ်တွင် ထွက်ခွာပြီး မကြာမီပင် လေယာဉ်၏ အင်ဂျင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

လေယာဉ်မှူးသည် မီးလောင်မှုကြောင့် လေယာဉ်၏ ပြင်ပလောင်စာဆီသိုလှောင်ကန် ၂ခုကို လေတပ်အခြေစိုက်စခန်းမြောက်ဘက်ရှိ အိုဂါဝါရာရေကန် ထဲသို့ စွန့်ပစ်ခဲ့ပြီး လေတပ်စခန်းသို့ ဒေသစံတော်ချိန် နံနက် ၈း၄၂မိနစ်တွင် ပြန်လည်ပျံသန်းလာခဲ့ကြောင်း သိရသည်။

လောင်စာဆီကန်များအား စွန့်ပစ်ခြင်းသည် လောင်စာကန်များ ပေါက်ကွဲမှုမဖြစ်စေရန် အင်ဂျင်မီးလောင်မှု ဖြစ်ပွားချိန်၌ လုပ်ဆောင်ရမည့် အခြေခံလုပ်ထုံးလုပ်နည်းများ အနက် တစ်ခုဖြစ်ကြောင်း သိရသည်။

လောင်စာဆီကန်များ စွန့်ပစ်ခြင်းကြောင့် မြေပြင်နှင့် ရေကန်တွင် ထိခိုက်ဒဏ်ရာရရှိမှု နှင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

အမေရိကန်စစ်တပ် ပိုင် လေယာဉ် နှင့် ဆက်စပ်သော မတော်တဆမှုများ ဆက်တိုက်မြင့်တက်လာသည့်အပေါ် အိုနိုဒဲရာ က နောက်ဆုံးဖြစ်ပွားခဲ့သည့် မတော်တဆမှုအတွက် ဖြေရှင်းချက်ပေးရန် အမေရိကန်ဘက်အား ပြောကြားသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ မတော်တဆမှုများ မဖြစ်ပွားစေရန် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လိုလားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.