Connect with us

Asia

မလေးရှားနိုင်ငံ၌ ကောင်းကင်ကေဘယ်လ်ကားများ စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုကြောင့် လူပေါင်းများစွာ ၄ နာရီနီးပါး ပိတ်မိနေခဲ့

မလေးရှားနိုင်ငံ လန်ကာဝီကျွန်းရှိ ကောင်းကင်ကေဘယ်လ်ကား များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ မြောက်ပိုင်း လန်ကာဝီကျွန်းပေါ်၌ ပြေးဆွဲနေသော ကောင်းကင်ကေဘယ်လ်ကားများ စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူပေါင်း ၈ဝ ကျော်သည် ကားထဲ၌ ၄ နာရီနီးပါး ပိတ်မိနေခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

လန်ကာဝီကျွန်း ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့အမှုဆောင်အရာရှိချုပ် Azizan Noordin၏ ပြောကြားချက်ကို ကိုးကား၍ မလေးရှားနိုင်ငံပိုင် Bernama သတင်းစာက ဖော်ပြရာတွင် ကေဘယ်ကားအတွင်း ၄ နာရီနီးပါး ပိတ်မိနေသော ခရီးသွား ၈၉ ဦးသည် ဒေသစံတော်ချိန် ည ၉ နာရီ ၃ဝ မိနစ်တွင် အခြေစိုက်စခန်း ကားဂိတ်သို့ပြန်လည် ရောက်ရှိလာခဲ့ကြကြောင်း ဆိုထားသည်။

စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကို ပြန်လည် ပြုပြင်ရန် နည်းပညာပိုင်းဆိုင်ရာ ပညာရှင်များကို စေလွှတ်ခဲ့ကြောင်း Noordin ကဆိုသည်။

အခင်းဖြစ်နေ့ညနေပိုင်းတွင် အရေးပေါ်အချက်ပေးစနစ်ကို လက်ခံရရှိခဲ့ပြီးနောက် ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများကို စေလွှတ်ခဲ့ကြောင်း အစောပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေဘယ်လ်ကားများ စက်ချွတ်ယွင်းမှု ဖြစ်ပွားပြီး ကောင်းကင်ကြိုးတန်းပေါ်၌ ရပ်ဆိုင်းနေစဉ် လန်ကာဝီကျွန်းတောင်ထိပ်ရှိ အခြေစိုက်စခန်း ကားဂိတ်၌ အခြား ခရီးသည် ၈ဝဝ ကျော်မှာ ကေဘယ်လ်ကားစီးခွင့်ရရန် စောင့်ဆိုင်းနေခဲ့ကြောင်း ကနဦးသတင်းများတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.