Asia
ဂျပန် နိုင်ငံ ဖူကူရှီးမား စီရင်စုတွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင် လှုပ်ခတ် ၊ ဆူနာမီ သတိပေးချက် မထုတ်ပြန်

တိုကျို ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)
ဂျပန် နိုင်ငံ၏ ဖူကူရှီးမား စီရင်စု၌ သြဂုတ် ၄ ရက်တွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် သွားခဲ့ကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီထံမှ သိရသည်။
အဆိုပါ ငလျင်သည် ဒေသ စံတော်ချိန် ည ၇ နာရီ ၂၃ မိနစ်တွင် လှုပ်ခတ်သွားခဲ့ပြီး မြောက်လတ္တီကျု ၃၇.၇ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၄၁.၇ ဒီဂရီ အတွင်း မြေအောက် အနက် ၅၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ငလျင် လှုပ်ခတ်မှုသည် ကြာချိန် ငါးမိနစ်ခန့်ရှိပြီး ဖူကူရှီးမား စီရင်စု၏ အချို့နေရာများတွင် ငလျင်ကြိမ်နှုန်းမှာ အမြင့်ဆုံး ၇ အဆင့်ထိ ပြင်းအား ရှိခဲ့ကြောင်း သိရသည်။
ယခုချိန်ထိ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။(Xinhua)