Connect with us

Asia

ထိုင်းနိုင်ငံ မြို့တော်တွင် အန္တရာယ်ရှိ မီးခိုးမြူများ ဖုံးလွှမ်းထား၊ မော်တော်ယာဉ်များမှ ထုတ်လွှတ်မှုများကို တင်းကျပ်စွာ တားမြစ်ရန် မျှော်လင့်

ဘန်ကောက်မြို့အား မီးခိုးမြူများ ဖုံးလွှမ်းထားသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နေရာအချို့တွင် ဇန်နဝါရီလ ၂၂ ရက်က အန္တရာယ်ရှိ လေထုညစ်ညမ်းစေသော ပစ္စည်းများ ပါဝင်နေသည့် မီးခိုးမြူများ ဆိုးဝါးစွာဖုံးလွှမ်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၄ နာရီက ၂.၅ မိုက်ခရိုမီတာ (PM 2.5) နှင့်အတူ ပါဝင်ပစ္စည်းအဆင့်မှာ တစ်ကုဗမီတာလျှင် ၅၁ မှ ၉၃ မိုက်ခရိုဂရမ်အထိ အမျိုးမျိုးပါဝင်နေကြောင်း၊ PM 2.5 ၏ ဘေးကင်းစိတ်ချရသော စံနှုန်းမှာ ၅၀ မိုက်ခရိုဂရမ်ဖြစ်ကြောင်း လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနက သတင်းတင်ပြထားသည်။

ဘန်ကောက်မြို့၏ လေထုအရည်အသွေးညွှန်းကိန်းမှာ ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းတွင် ၁၂၂ အဖြစ် မှတ်တမ်းတင်ခဲ့ပြီး ယင်းမှာ ကျန်းမာရေးအထိအခိုက်မခံနိုင်သူများအတွက် “ကျန်းမာရေးကိုထိခိုက်စေသော” အဆင့်ဖြစ်နေကြောင်း သိရသည်။

ယင်းသို့သတ်မှတ်ရာတွင် ၅၀ အောက်မှာ စိတ်ချရသောအဆင့်ဖြစ်ပြီး ၃၀၀ အထက်ရှိပါက အန္တရာယ်ရှိသည်ဟု ဆိုသည်။

ဘန်ကောက်အပါအဝင် လူဦးရေများပြားသော ပြည်နယ်ခြောက်ခုတွင် ငါးခု၌ ဇန်နဝါရီလ ၂၂ ရက် လေထုအရည်အသွေး အားနည်းမှုမှာ လေတိုက်မှုနည်းခြင်းနှင့် မိုးရွာမှုအားနည်းခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားထားပြီး မော်တော်ကားများမှ စွန့်ထုတ်မှုများကို လျှော့ချရန် ပြောကြားမှုများသို့ ဦးတည်လျက်ရှိသည်။

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးကလည်း သန့်စင်ထားသော ဇီဝ-ဒီဇယ်အရော အသုံးပြုထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသော ဘတ်စ်ကားများ ပိုမိုဝယ်ယူမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ပြင် ထရပ်ကားကြီးများအား ယာဉ်အသွားအလာထူထပ်ချိန်များတွင် ဘန်ကောက်မြို့သို့ ဝင်ရောက်ခြင်းအား ကာကွယ်ရန် စစ်ဆေးရေးဂိတ် ၂၀ ကျော်ထားရှိကြောင်းလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.