Asia
နယူးဒေလီ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ဆုတံဆိပ် ဆွတ်ခူးခဲ့သည့် ဟိန္ဒူဘာသာစကားပြော ရုပ်ရှင်ဇာတ်ကား Lipstick Under My Burkha သည် ဇူလိုင်လ ၂၁ ရက်က အိန္ဒိယတွင် ရုံတင်ပြသခွင့်ရရှိပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရုပ်ရှင်သည် လိင်ပိုင်းဆိုင်ရာ ပြကွက်များနှင့် ကြမ်းတမ်း
နယူးဒေလီ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
ဆုတံဆိပ် ဆွတ်ခူးခဲ့သည့် ဟိန္ဒူဘာသာစကားပြော ရုပ်ရှင်ဇာတ်ကား Lipstick Under My Burkha သည် ဇူလိုင်လ ၂၁ ရက်က အိန္ဒိယတွင် ရုံတင်ပြသခွင့်ရရှိပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်သည် လိင်ပိုင်းဆိုင်ရာ ပြကွက်များနှင့် ကြမ်းတမ်းသော စကားလုံးများ ပါဝင်သည့်အတွက် အိန္ဒိယနိုင်ငံ ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့ ပြသခွင့်ထုတ်ပေးရေး (CBFC) က ပိတ်ပင်ထားခြင်း ခံခဲ့ရသည်။
သို့သော်လည်း အချို့အခန်းများကို ဖြတ်တောက်ရန် တာဝန်ရှိသူများက ပြောကြားပြီးနောက် ဒါရိုက်တာများက မေတ္တာရပ်ခံချက်ကြောင့် အသက် ကန့်သတ်ချက်ဖြင့် ပြသခွင့်ပြုရန် ဧပြီလက သဘောတူညီချက် ရရှိခဲ့သည်။ ယင်းဇာတ်ကားမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူ အရွယ်ရောက်သူများအတွက်သာ ကန့်သတ်ထားခြင်း ဖြစ်သည်။
Lipstick Under My Burkha ရုပ်ရှင်ပိုစတာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
အဆိုပါ ရုပ်ရှင်သည် ကိုယ်ပိုင်နှင့် လိင်ပိုင်းဆိုင်ရာ အခွင့်အရေးအတွက် ရဲရဲရင့်ရင့် ပြောရန် ကြိုးစားခဲ့သည့် အမျိုးသမီး လေးဦး၏ လျှို့ဝှက် ဘဝများအား အခြေခံကာ ရိုက်ကူးထားခြင်း ဖြစ်သည်။ ဇာပဝါအုပ်ထားသော အသက် ၁၈ နှစ်အရွယ် ကောလိပ်ကျောင်းသူ တစ်ဦး၊ ငယ်ရွယ်သော အလှဖန်တီးရှင် တစ်ဦး၊ ကလေး သုံးဦး မိခင်နှင့် အသက် ၅၅ နှစ်အရွယ် မုဆိုးမ တစ်ဦးတို့ အကြောင်းများအား ရိုက်ကူးထားခြင်း ဖြစ်သည်။
ထို ရုပ်ရှင်မှာ မွမ်ဘိုင်း ရုပ်ရှင်ပွဲတော်တွင် ကျား၊မ တန်းတူညီမျှရေးအတွက် အကောင်းဆုံး ရုပ်ရှင်အဖြစ် Oxfam ဆု၊ တိုကျို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် Asia Prize ဆုနှင့် Glasgow ရုပ်ရှင်ပြပွဲတွင် ပရိသတ် ရွေးချယ်သော ဆုများ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)