Connect with us

Asia

ဖိလစ်ပိုင် နိုင်ငံ၏ တောင် တရုတ်ပင်လယ် အရေးကို ကြားဝင်နိုင်ငံများ ပါဝင် ဆုံးဖြတ်မည့် အစီအစဉ်ကို တရုတ် နိုင်ငံက လက်မခံကြောင်း ပြောကြား

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ ဟွာချွမ်းရင် အား သတင်းစာ ရှင်းလင်းပွဲတွင် မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန)

ပေကျင်း ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ ဟွာချွမ်းရင်မှ ဇူလိုင် ၁၄ ရက်နေ့က တရုတ် နိုင်ငံ အနေဖြင့် ဖိလစ်ပိုင် နိုင်ငံ၏ တောင်တရုတ် ပင်လယ် ပြဿနာ နှင့်ပတ်သက်ပြီး ခုံသမာဓိ ဖြင့် စီရင်ဆုံးဖြတ်မည့် အလားတူ မည်သည့် အစီအစဉ် ကိုမဆို လက်ခံမည် မဟုတ်ကြောင်း နှင့် ဖိလစ်ပိုင် နိုင်ငံ တစ်နိုင်ငံတည်း သဘောထား ဖြင့် ကြားဝင်နိုင်ငံများ ဝင်ရောက် စွက်ဖက်မည့် ဖြေရှင်းပုံ နည်းလမ်းအား လုံးဝ လက်ခံမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

ဟွာချွမ်းရင်မှ ဖိလစ်ပိုင် နိုင်ငံသည် “ကုလသမဂ္ဂ ပင်လယ် ရေကြောင်း ဥပဒေ” နှင့် တရုတ် နိုင်ငံနှင့် သဘောတူညီမှု ထားရှိသော “တောင်တရုတ် ပင်လယ် သက်ဆိုင်ရာ နိုင်ငံ လုပ်ဆောင်ချက် ကြေညာ စာတမ်း” တို့ကို အကြိမ်ကြိမ် ဖောက်ဖျက်ကာ မိမိ ဆန္ဒ အလျှောက် တောင်တရုတ် ပင်လယ် အရေးအား ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်မည့် အစီအစဉ် ကို ဆောင်ရွက်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံမှ အကြိမ်ကြိမ် လက်မခံကြောင်းနှင့် ပါဝင်မည် မဟုတ်ကြောင်းကို ထုတ်ပြန်ခဲ့ပြီး ဤရပ်တည်မှုသည် နိုင်ငံတကာ ဥပဒေနှင့် အပြည့်အဝ ကိုက်ညီမှု ရှိကြောင်း ၊ တရုတ် နိုင်ငံ၏ ရပ်တည်မှု အပြည့်အစုံကို ယမန်နှစ် ဒီဇင်ဘာလ တွင်ထုတ်ပြန်ခဲ့သည့် “ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံတော်မှ ဖိလစ်ပိုင် နိုင်ငံ၏ တောင်တရုတ်ပင်လယ် အချုပ်အခြာ အာဏာ ပြဿနာ ကို ခုံသမာဓိ ဖြင့် စီရင်ဆုံးဖြတ်မှု နှင့်ပတ်သက်သည့် သဘောထား ရပ်တည်မှု ကြေညာ စာတမ်း” တွင် အပြည့်အစုံ ပါရှိကြောင်း ပြောကြား ခဲ့သည်။

ဟွာချွမ်းရင် မှ တရုတ်-ဖိလစ်ပိုင် တောင်တရုတ်ပင်လယ် ပြဿနာ ၏ အရင်းခံသည် ဖိလစ်ပိုင် နိုင်ငံ မှ ၁၉၇၀ ခုနှစ် မှစတင်၍ တရုတ်နိုင်ငံ တော်ပိုင် နန်စား ကျွန်းစွယ်များကို တရားမဝင် သိမ်းယူ ခဲ့ခြင်းမှ စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ၊ တရုတ် နိုင်ငံသည် တောင်တရုတ်ပင်လယ် ပြဿနာတွင် နစ်နာမှု ရှိခဲ့ရသည့် နိုင်ငံ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို အဓိက ထားသဖြင့် သည်းခံခြင်း အား အစဉ် ထိန်းသိမ်း ထားခဲ့ရကြောင်း ၊ တရုတ် နိုင်ငံသည် သမိုင်းကြောင်း အမှန်တရားကို အခြေခံ၍ သက်ဆိုင်ရာ နိုင်ငံ နှင့် တိုက်ရိုက် ညှိနှိုင်း ဆွေးနွေးသည့် ဆောင်ရွက်မှုကို ခိုင်မြဲစွာ ရပ်တည်ခဲ့ကြောင်း ၊ ဤသည် တရုတ် နိုင်ငံ၏ အစဉ်အလာရှိ လုပ်ကိုင် ဆောင်ရွက်ပုံ ဖြစ်ကာ နိုင်ငံတကာ ဥပဒေနှင့် ကိုက်ညီပြီး ကမ္ဘာ့အသိုင်းအဝိုင်းမှလည်း လက်ခံ ကျင့်သုံးနေကျ ဆောင်ရွက် ပုံစံ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံသည် အချုပ်အခြာ အာဏာနှင့် ပင်လယ် ရေကြောင်း အခွင့်အရေး နှင့်ပတ်သက်ပြီး ကြားဝင် နိုင်ငံ များဝင်ရောက် စွက်ဖက်မှုကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဖိလစ်ပိုင် နိုင်ငံအား ဆွေးနွေးညှိနှိုင်းသည့် မှန်ကန်သည့် လမ်းကြောင်း ပေါ်သို့ အမြန်ဆုံး ပြန်လည် ရောက်ရှိလာရန် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.