Connect with us

Europe

ဂျာမနီ နိုင်ငံ တွင် အာဖရိကဝက်အပြင်းဖျား ရောဂါ ဖြစ်ပွားမှု ၃၈ ခု ရှိလာ

ဂျာမနီ နိုင်ငံ တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ဖြင့် သေဆုံးသည့် တောဝက်များအား စက်တင်ဘာ ၂၂ ရက်က လိုက်လံရှာဖွေနေစဉ်(ဆင်ဟွာ)

 

ဘာလင် ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) 

လက်ရှိချိန်တွင် ဂျာမနီ နိုင်ငံတွင် အာဖရိကဝက်အပြင်းဖျား ရောဂါ ဖြစ်ပွားမှု ၃၈ ခုထိ ရှိလာခဲ့ပြီး ရောဂါကူးစက်ခံရသည့် ဝက်များမှာ တောဝက်များ ဖြစ်ကြကြောင်း နှင့် အိမ်မွေးဝက်များတွင် ကူးစက်ခံရမှု မတွေ့ရှိသေးကြောင်း ဂျာမနီ နိုင်ငံ အစားအစာ နှင့် စိုက်ပျိုးရေး ဝန်ကြီးဌာန က စက်တင်ဘာ ၃၀ ရက် ၌ သတင်းထုတ်ပြန်ခဲ့သည်။

ဂျာမနီ နိုင်ငံ က စက်တင်ဘာ ၁၀ ရက် ၌ ပထမဦးဆုံး အာဖရိကဝက်အပြင်းဖျားရောဂါ တွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ပြီး ရောဂါကူးစက်မှု အားလုံးသည် ဂျာမနီ နိုင်ငံ အရှေ့ပိုင်း နှင့် ပိုလန် နိုင်ငံ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နေရာများတွင် ဖြစ်ကြောင်း ၊ စက်တင်ဘာ ၃၀ ရက် တွင် ရောဂါ ကူးစပ်ခံရကြောင်း အတည်ပြုခဲ့သည့် တောဝက် ကို  Brandenburg ပြည်နယ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ ဒေသတွင်း သက်ဆိုင်ရာဌာနက ကြိုတင်ကာကွယ်ဆောင်ရွက်မှုများ ပြုလုပ်ကာ အာဖရိက ဝက်အပြင်းဖျား ရောဂါ ပိုမို ဆိုးရွားစွာ မပျံနှံ့စေရန် တားဆီးနေကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဂျာမနီ နိုင်ငံ အစားအစာ နှင့် စိုက်ပျိုးရေး ဝန်ကြီးဌာန Julia Klöckner က စက်တင်ဘာ ၃၀ ရက် ၌ ဝန်ကြီးဌာန အနေဖြင့် အရေးပေါ်ရင်ဆိုင်ဖြေရှင်းရေး အဖွဲ့ ကို ဖွဲ့စည်းခဲ့ပြီး အီးယူ နှင့် အနီးကပ် ဆက်သွယ်မှု ထားရှိထားကြောင်း ၊ သက်ဆိုင်ရာကုန်သွယ်ဖက် နိုင်ငံများနှင့်လည်း သတင်းအချက်အလက် ဖလှယ်မှု တို့ကို ဆောင်ရွက်ခဲ့ပြီး ဂျာမနီ နိုင်ငံ ၏ ရောဂါပိုး ကူးစပ်ခံရခြင်းမရှိသော ဝက်များကို ပုံမှန် တင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

ဂျာမနီ နိုင်ငံ အစားအစာ နှင့် စိုက်ပျိုးရေး ဝန်ကြီးဌာန ၏ လတ်တလော ရက်ပိုင်း အတွင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အာဖရိကဝင်အပြင်းဖျား ရောဂါ သည် တောဝက် နှင့် အိမ်မွေးဝက်များကို သာ ကူးစက်နိုင်ပြီး အစားအသောက် သို့မဟုတ် ထိတွေ့မှု မှတစ်ဆင့် လူသို့မကူးစက် နိုင်ကြောင်း ၊ သို့သော် လူများအနေဖြင့် ရောဂါကူးစက်ခံထားရသော အစားအစာ ၊ ဖိနပ် ၊ အသုံးအဆောင် နှင့် တင်ပို့သည့်ကားများ မှ တစ်ဆင့် ရောဂါ ကို ပိုမို ပျံ့ပွားစေနိုင်ကြောင်း ဖော်ပြခဲ့သည်။

တောဝက် နှင့် အိမ်မွေးဝက် တို့သည် အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ခံခဲ့ရပြီးနောက်တွင် ကိုယ်ပူခြင်း ၊ ဖျားနားခြင်း ၊ အစာမစားနိုင်ခြင်း ၊ သွားလာမှု နှင့် အသက်ရှူခက်ခဲ့ခြင်း ၊ ဝမ်းသွားရာတွင် သွေးပါခြင်း စသည့် လက္ခဏာများ ဖြစ်ပွားတက်ပြီး လက်ရှိချိန်တွင် ကြိုတင်ကာကွယ်နိုင်သည့် ကာကွယ်ဆေးမရှိသေးကြောင်း ၊ ဂျာမနီ နိုင်ငံ သည် ဝက်မွေးမြူရေး နှင့် စားသုံးမှု အလွန်ကြီးမားသည့် နိုင်ငံ ဖြစ်ပြီး အာဖရိကဝက်အပြင်းဖျား ရောဂါ ကြီးမားစွာ ပျံ့နှံ့မှု ဖြစ်ပွားပါက လွန်စွာဆိုးရွားသည့် သက်ရောက်မှု ဖြစ်ပွားမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)