Europe
ရုရှား နိုင်ငံ Kostroma ပြည်နယ် တွင် ရဟတ်ယာဉ် တစ်စင်း ပျက်ကျ ခဲ့ရာ လူ ၃ ဦး သေဆုံး

မော်စကို ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
ရုရှား နိုင်ငံ Kostroma ပြည်နယ် ကျေးရွာ တစ်ရွာ အနီး တွင် ရဟတ်ယာဉ် တစ်စင်း ပျက်ကျ ခဲ့ရာ လူ ၃ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။
ရုရှား နိုင်ငံ အရေးပေါ် အခြေအနေ ဝန်ကြီးဌာန Kostroma ပြည်နယ် ရုံးခွဲ ၏ ထုတ်ပြန် ကြေညာချက်အရ အောက်တိုဘာ ၃ ရက် ဒေသစံတော်ချိန် ၁၈ နာရီ ၄၀ မိနစ် ခန့်တွင် ရဟတ်ယာဉ် တစ်စင်း က Kostroma ပြည်နယ် ကျေးရွာ တစ်ရွာ အနီးရှိ သစ်တော တစ်ခု တွင် ပျက်ကျသွားခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင် များ ရောက်ရှိချိန်တွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ် အပိုင်းအစ များ နှင့် သေဆုံး ခဲ့သူ ၃ ဦး ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ထုတ်ပြန်ကြေညာချက် အရ သေဆုံးခဲ့သူ ၃ ဦး ၏ ကိုယ်ရေးအချက်အလက် နှင့် ရဟတ်ယာဉ် နှင့် ပတ်သက်သော အချက်အလက် များ မသိရှိရသေးကြောင်း ၊ ပျက်ကျခဲ့သည့် ရဟတ်ယာဉ် အနေဖြင့် ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ ပျံသန်း ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)