လန်ဒန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံရှိ အားလပ်ရက်ခရီးသွားမည့်သူများစွာသည် ဗြိတိသျှလေကြောင်းလိုင်း (British Airways) မှ လေယာဉ်မှူးများ စက်တင်ဘာလတွင် သုံးရက်ကြာဆန္ဒပြမည်ဖြစ်သောကြောင့် ခရီးစဉ်များ ပယ်ဖျက်ထားသည်ဟူသော အီးမေးလ်များ သြဂုတ်လ ၂၄ ရက်အစောပိုင်းက လက်ခံရရှိခဲ့ကြပြီး အဆင်မပြေမှုနှင့် ကြုံတွေ့နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ဂျီနီဗာ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) ဆွစ်ဇာလန်နိုင်ငံ တောင်ပိုင်းတွင် သြဂုတ် ၂၅ ရက်က လေယာဉ်ငယ်တစ်စီးပျက်ကျမှုဖြစ်ပွားရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၃ ဦး သေဆုံးခဲ့ကြောင်း ဆွစ်ဇာလန် ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဟန်ဒိုက်၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) G-7 ထိပ်သီးဆွေးနွေးပွဲကို သြဂုတ် ၂၄ ရက်က လုံခြုံရေး ထူထပ်စွာချထားသည့် ပြင်သစ်နိုင်ငံ တောင်ပိုင်း ဘီရာရစ်ဇ်မြို့၌ စတင်ကျင်းပခဲ့ရာ ယင်းနေ့တွင်ပင် ဘီရာရစ်ဇ်မြို့၏ ၃၀ ကီလိုမီတာအကွာရှိ ဟန်ဒိုက်(Hendaye)တွင် G-7 အား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘီရာရစ်ဇ်၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) နှစ်စဉ်ကျင်းပသည့် G-7 ထိပ်သီးဆွေးနွေးပွဲကို သြဂုတ် ၂၄ ရက်က ပြင်သစ်နိုင်ငံတောင်ပိုင်း ဘီရာရစ်ဇ်မြို့တွင် စတင်ကျင်းပရာ ပြင်သစ်သမ္မတ မိုက်ခရွန်အပါအဝင် တက်ရောက်လာသူ အများစုက ကုန်သွယ်ရေးစစ်မဖြစ်ပွားရေး ရှောင်ရှားကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဘဲလ်ဂရိတ်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ဆာဗီးယားနိုင်ငံသည် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ၏ ဒေသတွင်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် ဖြစ်လာခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးက သတင်းထုတ်ပြန်ချက်တွင် သြဂုတ်လ ၂၃ ရက်က အတည်ပြုပြောကြားခဲ့သည်။
လန်ဒန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် မကြာမီကျင်းပတော့မည့် G7 အစည်းအဝေးမတိုင်မီ နိုင်ငံခြားရေးမူဝါဒနှင့် ကမ္ဘာ့ကုန်သွယ်ရေး ကိစ္စရပ်များအား သြဂုတ်လ ၂၃ ရက်က...
အေသင်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ဂရိနိုင်ငံတွင် ယခုနှစ်အတွင်း West Nile ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၆ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၁၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အမျိုးသား ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်း (EODY) က သြဂုတ်လ ၂၂ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ကိဗ်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
မော်စကို၊ သြဂုတ်လ ၁၆ ရက်(ဆင်ဟွာ) ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီတပ်ဖွဲ့များက မော်စကိုမြို့ပေါ်သို့ လေကြောင်းမှကြဲချခဲ့သောဗုံး တစ်လုံးအား ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာတူးဖေါ်ရှာဖွေမှုတစ်ရပ် ပြုလုပ်နေစဉ်အတွင်း ကရင်မလင် နန်းတော်မှဖယ်ရှားခဲ့ကြောင်း ကရင်မလင်တပ်မှူးချုုပ် ဆာဂျီခလက်နီကော့ဗ်(Sergei Khlebnikov) က သြဂုတ်လ ၁၅ ရက်ကပြောခဲ့သည်။
မော်စကို၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့အနီးတွင် ခရီးသည် ၂၀၀ ကျော် တင်ဆောင်လာသည့် Airbus လေယာဉ်တစ်စင်း သြဂုတ်လ ၁၅ ရက်က လေဆိပ်မှ ပျံတက်ထွက်ခွာပြီးနောက် မကြာမီမှာပင် အရေးပေါ်ဆင်းသက်ခဲ့ရရာ ကလေး ၅ ဦး အပါအဝင် လူ ၂၀...