Connect with us

Europe

ဘီလာရုဒ်နိုင်ငံက အနောက်နိုင်ငံမှဆောင်ရွက်လာမည့် ပိတ်ဆို့အရေးယူမှုကို ရင်ဆိုင်ရန် ပြင်ဆင်မှု အမျိုးမျိုးဆောင်ရွက်ထား

#ဘီလာရုဒ် နိုင်ငံ နှင့် #အနောက်နိုင်ငံများအကြား အပြန်အလှန် #အရေးယူပိတ်ဆို့မှု များ ဆောင်ရွက် #ဆင်ဟွာ

မင့်စ်ခ် ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ဘီလာရုဒ်နိုင်ငံ ဝန်ကြီးချုပ် Roman Golovchenko သည် ဘီလာရုဒ်အမျိုးသားရုပ်သံလိုင်းနှင့် ဇွန်လ ၅ ရက်၌ ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် အီးယူ နှင့် အမေရိကန်နိုင်ငံ တို့၏ ဘီလာရုဒ်နိုင်ငံ အပေါ်ဆောင်ရွက်မည့် ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ ဘီလာရုဒ်နိုင်ငံ က ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၊ ကုန်ပစ္စည်းတင်သွင်းမှု နှင့် နည်းပညာအစားထိုးမှု စသည့် ကဏ္ဍများလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ဝန်ကြီးချုပ် Roman Golovchenko က ဘီလာရုဒ်အနေဖြင့် အီးယူ နှင့် အမေရိကန်နိုင်ငံတို့၏ အရေးယူပိတ်ဆို့မှု ဖိအားကို ပြန်လည်တုန့်ပြန်ရန် ပြင်ဆင်ထားကြောင်း ၊ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုအား ရင်ဆိုင်သွားရန် ပြင်ဆင်မှုအများအပြားမှာလည်း သင့်ဖြစ်နေပြီဖြစ်ကြောင်း ၊ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုကြောင့် ဘီလာရုဒ်နိုင်ငံအနေဖြင့် အနောက်နိုင်ငံ မှ ကုန်ပစ္စည်း တင်သွင်းခြင်း နှင့် နည်းပညာအသုံးပြုခြင်း တို့ကို ရပ်ဆိုင်းလိုက်ရကြောင်း ၊ ဘီလာရုဒ်နိုင်ငံအနေဖြင့် အခြားလမ်းကြောင်းမှ ကုန်ပစ္စည်းတင်သွင်းခြင်း ကို နည်းလမ်းရှာဖွေသွားမည်ဖြစ်ပြီး အာရှ နှင့် ရုရှား မှ နည်းပညာများဖြင့် အစားထိုးမှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အနောက်နိုင်ငံများအနေဖြင့် ဘီလာရုဒ်ဈေးကွက်ကို ဆုံးရှုံးရမည်ဖြစ်ပြီး သက်ဆိုင်ရာ အကျိုးဆက်များက ဘီလာရုဒ်နိုင်ငံတွင် တာဝန်မရှိဘဲ အမျှော်အမြင် မရှိသည့် အနောက်နိုင်ငံများရှိ နိုင်ငံရေးသမားများကြောင့်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိုင်ယာလန် Ryanair လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဘီလာရုဒ် နိုင်ငံတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ပြောကြားရာတွင် ဝန်ကြီးချုပ် က ဘီလာရုဒ်နိုင်ငံအနေဖြင့် တရားဥပဒေလမ်းကြောင်း မှနေ၍ မိမိ အကျိုးစီးပွားအား ကာကွယ်သွားရန် ပြင်ဆင်ထားကြောင်း ၊ ဘီလာရုဒ် လေကြောင်းဌာနအနေဖြင့် ကနဦးအချိန်ကပင် သက်ဆိုင်ရာအသီးသီးတို့မှ အချက်အလက် ပေးအပ်ရန်တောင်းဆိုခဲ့သော်လည်း မည်သည့်အကြောင်းပြန်မှု မှ မရရှိခဲ့ကြောင်း ၊ ယင်းကိစ္စရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလိုသော်လည်း လက်ရှိချိန်ထိ နိုင်ငံတကာ အရပ်ဘက်သုံးလေကြောင်း အဖွဲ့အစည်း ( International Civil Aviation Organization ) လက်ရှိချိန်ထိ စုံစမ်းစစ်ဆေးမှုစတင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။

ဘီလာရုဒ်နိုင်ငံ သတင်းမီဒီယာ၏ ဖော်ပြချက်အရ အိုင်ယာလန် Ryanair လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် မေ ၂၃ ရက်၌ ဗုံးခွဲတိုက်ခိုက်မှုခြိမ်းခြောက်ခံရသဖြင့် မင့်စ်ခ် နိုင်ငံတကာလေဆိပ်သို့အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ အနောက်နိုင်ငံသတင်းမီဒီယာများ၏ ဖော်ပြချက်အရ လေယာဉ်ပေါ်တွင် ဗုံးတပ်ဆင်ထားဖွယ်ရှိသည်ဟုဆိုကာ ဘီလာရုဒ်နိုင်ငံ က တိုက်လေယာဉ်စေလွှတ်၍ ခရီးသည်တင်လေယာဉ်အား မင့်စ်ခ် တွင် ဆင်းသက်စေခဲ့ကြောင်း ၊ ထို့နောက်တွင် လေယာဉ်ပေါ်တွင် စီးနှင်းလိုက်ပါခဲ့သည့် ဘီလာရုဒ်အတိုက်အခံအဖွဲ့ကိုထောက်ခံအားပေးသည့် မီဒီယာသမား Roman Protasevich အား ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ အချင်းဖြစ်ပွားပြီးနောက်တွင် အမေရိကန် နှင့် အီးယူ တို့က ဘီလာရုဒ်နိုင်ငံ၏ လူပုဂ္ဂိုလ်အချို့ နှင့် လုပ်ငန်းကုမ္ပဏီများအပေါ် အရေးယူပိတ်ဆို့မှုအသစ်များဆောင်ရွက်ခဲ့သည်။ ဘီလာရုဒ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုအပေါ် တန်ပြန်ဆောင်ရွက်မှုအား ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(国际)白俄罗斯已准备好应对西方制裁的多套措施

新华社明斯克6月6日电白俄罗斯总理戈洛夫琴科在白俄罗斯国家电视台5日晚播出的访谈节目中说,针对欧盟和美国对白俄罗斯的制裁,白方已准备好多套应对措施,涉及外国投资、产品进口及技术替代等。

戈洛夫琴科说,白方准备回击欧盟和美国的制裁压力,为应对西方制裁采取的一揽子措施已准备就绪。他表示,西方国家制裁导致白俄罗斯被迫停止进口西方商品和使用西方技术,白方将寻求其他商品进口渠道,并使用亚洲和俄罗斯技术替代。西方国家可能会失去白俄罗斯市场,但相关后果的责任不在白方,而在于西方“没有远见的政客”。

谈到不久前爱尔兰瑞安航空公司客机紧急降落在白俄罗斯一事,戈洛夫琴科说,白方准备通过法律程序捍卫自身利益。白俄罗斯航空部门从一开始就请求各方提供相关数据,但尚未收到任何回复。白方也希望立即调查此事,但国际民航组织迄今未开始调查。

据白俄罗斯媒体报道,爱尔兰瑞安航空公司一架客机5月23日因炸弹威胁紧急降落在明斯克国际机场。有西方媒体报道,白方称客机上可能有炸弹并派遣战机“逼迫”客机在明斯克降落,继而逮捕了乘坐这架飞机的支持白反对派的白俄罗斯记者罗曼•普罗塔谢维奇。事件发生后,美国和欧盟宣布对白俄罗斯一些个人和企业实施新的制裁。白俄罗斯方面随后也宣布了对美国的反制措施。(完)

Photo
这是5月23日在维尔纽斯国际机场拍摄的从希腊首都雅典飞往立陶宛首都维尔纽斯的波音737-800型客机。新华社/法新

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.