မော်စကို ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံလေတပ်မှ စစ်တပ်ဗုံးကျဲလေယာဉ်များသည် ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ်(IS) အကြမ်းဖက်အုပ်စုများ၏ အခြေစိုက်စခန်းများအား နိုဝင်ဘာ ၁၈ ရက်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဥရောပ နှင့် အမေရိကန်နိုင်ငံ၌ လာမည့် နှစ်သစ်ကူးအားလပ်ရက်များအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ် ပိုမိုမြင့်တက်လာနိုင်ခြေရှိကြောင်း နိုဝင်ဘာ ၁၇ရက်ကပြောကြားခဲ့သည်။
တီရာနာ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) အယ်လ်ဘေးနီးယားနိုင်ငံ မြောက်ပိုင်း ဘူလ်ကွီဇာမြို့ ရှူပန်ဇာရွာရှိ စာသင်ကျောင်းတစ်ကျောင်းမှ ကျောင်းသား ၆၀ဦးခန့်သည် နိုဝင်ဘာ ၁၇ရက်တွင် အသက်ရှူကျပ်သည့် လက္ခဏာများခံစားခဲ့ရကြောင်း အယ်လ်ဘေးနီးယားနိုင်ငံကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။
လန်ဒန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် နိုဝင်ဘာ ၁၇ ရက်က ရဟတ်ယာဉ်တစ်စီး နှင့် လေယာဉ်ငယ်တစ်စီး ကောင်းကင်ပျံသန်းနေစဉ် တိုက်မိရာ လူအများအပြားသေဆုံးခဲ့ကြောင်း သိရသည်။
မော်စကို၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အလယ်ပိုင်းတွင် နိုဝင်ဘာ ၁၆ ရက်က ဘတ်စ်ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီးတိုက်မိရာ စုစုပေါင်း လူ ၁၅ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။
အေဒင် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဂရိ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ယခု ရက်ပိုင်းအတွင်း မြို့တော် အေဒင် ၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လက်ရှိချိန်ထိ လူပေါင်း အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ၁၇...
မီလန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ၏ ဂန္တဝင်ဘောလုံးအကျော်အမော် ပီယာလို ( Pirlo) သည် ဘောလုံးအားကစားသမားဘဝမှ တရားဝင် အနားယူသွားပြီဖြစ်ကြောင်း သိရသည်။ အသက် ၃၈ နှစ်အရွယ်ရှိ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်းသည် ၂ဝဝ၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော အီတလီအသင်း၌ ပါဝင်ခြေစွမ်းပြခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkov က ရုရှား နိုင်ငံ လေကြောင်း တပ်ဖွဲ့ သည် ရေကြောင်း တပ်ဖွဲ့ နှင့် ပူးပေါင်း၍ ဆီးရီးယား နိုင်ငံ Deir ez-Zor...
လော့စ်အန်ဂျလိစ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ရှိ Utah တက္ကသိုလ်တွင် အောက်တိုဘာ ၃၀ ရက်ညက ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုတွင် အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာကဖော်ပြခဲ့သည်။
ဟယ်ဆင်ကီ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံတောင်ပိုင်း တွင် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ရထားတစ်စီး နှင့် သံချပ်ကာစစ်ကားတစ်စီး တိုက်မိခဲ့ရာ လူအများအပြားသေဆုံးခဲ့ကြောင်း သိရသည်။