Connect with us

Europe

ဒိန်းမတ်နိုင်ငံတွင် ရထားမတော်တဆဖြစ်ပွားမှုကြောင့် လူ ၆ ဦး သေဆုံး၊ ၁၆ ဦး ဒဏ်ရာရ

အချင်းဖြစ်ပွားသည့်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုပင်ဟေဂင် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

ဒိန်းမတ်နိုင်ငံ အလယ်ပိုင်းဒေသတွင် ဇန်နဝါရီ ၂ ရက်က ရထားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ပွားသည့်အကြောင်းရင်းကို စုံးစမ်းစစ်ဆေးဆဲဖြစ်ကြောင်း၊ လက်ရှိ စုံစမ်းစစ်ဆေးချက်များ အရ ကနဦးအနေဖြင့် ယူဆရသည်မှာ ခရီးသည်တင် ရထားတစ်စင်းသည် ဇန်နဝါရီ ၂ ရက် နံနက်ပိုင်း က Zealand ကျွန်းနှင့် Funen ကျွန်းကို ဆက်သွယ်ထားသည့် Storebaeltsbroen တံတားပေါ်တွင် ခုတ်မောင်းနေစဉ် တစ်ဖက်မှ မောင်းနှင်လာသော ကုန်တင်ရထားပေါ်မှ ကုန်ပစ္စည်းများ ပြုတ်ကျလာ ကြောင်း ၊ခရီးသည်တင်ရထားမှ ပြုတ်ကျလာသည့်ကုန်ပစ္စည်းများကို တိုက်မိပြီး အရေးပေါ်ဘရိတ်သုံး ရပ်တန့်ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ၊ ၎င်းဖြစ်ရပ်ကြောင့် အနည်းဆုံးလူ ၆ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အချင်းဖြစ်ပွားသည့်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ခရီးသည်တင်ရထားပေါ်တွင် ခရီးသည် ၁၃၁ ဦး နှင့် ဝန်ထမ်း ၃ ဦး ပါဝင်ကြောင်း၊ အချင်းဖြစ်ပွားမှု တွင် သေဆုံးသူ ၆ ဦးစလုံးသည် ခရီးသည်များဖြစ်ကြောင်း ၊လက်ရှိတွင် ခရီးသည်အားလုံးနှင့် အဆက်အသွယ်မရသေးကြောင်းနှင့် ဒဏ်ရာရသူ ဦးရေ တိုးလာနိုင်ဖွယ် ရှိကြောင်း ဒိန်းမတ် မီးရထားကုမ္ပဏီ၏ နောက်ဆုံးထုတ်ပြန်သည့် သတင်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.