Connect with us

Europe

ပြင်သစ် နိုင်ငံ လေတပ် ၏ Mirage 2000 အမျိုးအစား တိုက်လေယာဉ် တစ်စင်း က လေ့ကျင့်မှု ပြုလုပ်စဉ် အတွင်း ပျောက်ဆုံး

Mirage 2000 အမျိုးအစား တိုက်လေယာဉ် တစ်စင်း အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပဲရစ် ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ Jura ပြည်နယ် ရဲတပ်ဖွဲ့ က ဇန်နဝါရီ ၉ ရက် ၌ ပြင်သစ် နိုင်ငံ လေတပ် ၏ Mirage 2000 အမျိုးအစား တိုက်လေယာဉ် တစ်စင်း နိုင်ငံ အရှေ့ပိုင်း Jura တောင်တန်းဒေသ တွင် ပျောက်ဆုံးသွား ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ က ရှာဖွေမှုများ ပြုလုပ်နေကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။

Jura ပြည်နယ် ရဲတပ်ဖွဲ့ က ယခု ပျောက်ဆုံးနေသော တိုက်လေယာဉ် သည် နိုင်ငံ အရှေ့ပိုင်း ရှိ လေတပ် စခန်းတစ်ခု မှ စတင် ထွက်ခွာ လာခဲ့ခြင်း ဖြစ်ကြောင်း ၊ နေ့လည်ပိုင်း အချိန်တွင် လေယာဉ် က ပျောက်ဆုံးသွား ပြီး ရဲတပ်ဖွဲ့ အနေဖြင့် ရှာဖွေမှုများ ဆောင်ရွက်နေကာ လေယာဉ်ပေါ် လိုက်ပါခဲ့သည့် လေယာဉ်မှူး ၂ ဦး ၏ တည်နေရာ ကို အတည်ပြုနိုင်ရန် ကြိုးပမ်းနေကြောင်း ကြေညာ ခဲ့သည်။

ပြင်သစ် နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ ပျောက်ဆုံး ခဲ့သော Mirage 2000 အမျိုးအစား တိုက်လေယာဉ် သည် လေ့ကျင့်မှု တာဝန် ထမ်းဆောင်စဉ် အတွင်း ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.