ဘူဒါပတ်စ်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့သည် လယ်ယာစိုက်ပျိုးရေး၊ e-commerce ၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ပညာရေး စသည့်နယ်ပယ်များ၌ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မြဲစေရန်အတွက် နိုဝင်ဘာလ ၂၈ ရက်တွင် သဘောတူစာချုပ် ၁၀ ခုကျော် လက်မှတ်ရေးထိုးခဲ့ကြောင်း...
ဒူဘလင် ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အိုင်ယာလန် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Frances Fitzgerald က ဘက်ပေါင်းစုံ မှ ဖိအားပေးမှုများ အောက်တွင် နိုဝင်ဘာ ၂၈ ရက်နေ့၌ ရာထူး မှ နှုတ်ထွက်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။
ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံနိုင်ငံ ရထားလမ်းကုမ္ပဏီတစ်ခုဖြစ်သော Infrabel ကုမ္ပဏီမှ အလုပ်သမားများစွာ သည် ဘယ်လ်ဂျီယံနိုင်ငံတောင်ပိုင်း Morlanwelz မြို့ရှိ ရထားလမ်းဆုံတစ်ခုတွင် ရထားဖြင့် တိုက်မိခဲ့ပြီး ယင်းမတော်တဆမှုကြောင့် လူ ၂ဦးသေဆုံးခဲ့ကာ တစ်ဦးပျောက်ဆုံးနေပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရထားလမ်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
လန်ဒန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဗြိတိန်မင်းသား ဟယ်ရီ(Harry) နှင့် ၎င်း၏ချစ်သူ မက်ဟန်မာကဲလ်(Meghan Markle) တို့နှစ်ဦးသည် နိုဝင်ဘာလ အစောပိုင်းက လန်ဒန်မြို့တွင် စေ့စပ်ကြောင်းလမ်းခဲ့ပြီး ဖြစ်ကြောင်း ဗြိတိသျှတော်ဝင်မိသားစုက နိုဝင်ဘာ ၂၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
လန်ဒန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို့လယ်ရှိ အောက်စ်ဖို့ဆပ်ကပ်ပြပွဲရုံတွင် နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
မော်စကို၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်သည် ဆီးရီးယားနိုင်ငံ၏ နောက်ဆုံး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ နှင့် ပတ်သက်၍ ဆော်ဒီ၊ အီဂျစ်၊ အစ္စရေးခေါင်းဆောင်များ နှင့် အသီးသီးဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော် သတင်းထုတ်ပြန်ရေး က နိုဝင်ဘာ ၂၁ရက်တွင် ထုတ်ပြန်ခဲ့သည်။
အိုစလို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) အသက် ၃၄နှစ်အရွယ် နော်ဝေးနိုင်ငံသားတစ်ဦးအား IS အကြမ်းဖက်အုပ်စုနှင့် ပူးပေါင်းမှု နှင့် ဆီးရီးယားတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ၌ ပါဝင်ခဲ့မှုတို့ဖြင့် ထောင်ဒဏ် ၇နှစ် ၆လ ချမှတ်ခဲ့ကြောင်း TV2 ရုပ်သံလိုင်းက နိုဝင်ဘာ ၂၀ ရက်တွင်ဖော်ပြခဲ့သည်။
ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံနိုင်ငံ ဂန့်မြို့ရှိ ArcelorMittalစတီးအလုပ်ရုံ ၌ နိုဝင်ဘာ ၂၀ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး အခြားလူ ၂ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ရပ်တွင်ဖော်ပြခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံလေတပ်မှ စစ်တပ်ဗုံးကျဲလေယာဉ်များသည် ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ်(IS) အကြမ်းဖက်အုပ်စုများ၏ အခြေစိုက်စခန်းများအား နိုဝင်ဘာ ၁၈ ရက်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဥရောပ နှင့် အမေရိကန်နိုင်ငံ၌ လာမည့် နှစ်သစ်ကူးအားလပ်ရက်များအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ် ပိုမိုမြင့်တက်လာနိုင်ခြေရှိကြောင်း နိုဝင်ဘာ ၁၇ရက်ကပြောကြားခဲ့သည်။