Connect with us

Europe

ဂျာမနီအနောက်ပိုင်းတွင် လူအုပ်ထဲ ကားဖြင့်ဝင်တိုက်မှုကြောင့် လူ ၅ဦး ဒဏ်ရာရရှိ

ဂျာမနီအနောက်ပိုင်းတွင် လူအုပ်ထဲ ကားဖြင့်ဝင်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘာလင်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အနောက်ပိုင်း Bottrop မြို့ တွင် ဇန်နဝါရီ ၁ရက် အစောပိုင်းက လမ်းသွားလမ်းလာ လူအုပ်တစ်စု အား အမျိုးသားတစ်ဦးက ၎င်း၏ ကားဖြင့် ဝင်တိုက်ခဲ့သဖြင့် လူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အသက် ၅၀နှစ်အရွယ် ယာဉ်မောင်းသည် ၎င်း၏ ငွေရောင် မာစီးဒီးကားဖြင့် Bottrop စင်တာ၌ သန်းခေါင်ယံအချိန်အကျော်တွင် လူအုပ်အား ရည်ရွယ်ချက်ရှိရှိ အရှိန်ဖြင့် ဝင်တိုက်ခဲ့ပြီးနောက် ထွက်ပြေးသွားရာ အနီးရှိ Essen မြို့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများတွင် အသက် ၄၆နှစ်အရွယ် အမျိုးသမီး တစ်ဦး နှင့် ကလေးငယ်တစ်ဦး ပါဝင်ပြီးအချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ကားဖြင့်တိုက်ပြေးသွားခဲ့သူ အမျိုးသားသည် ဂျာမနီလူမျိုးဖြစ်ပြီး ၎င်း၏ ပစ်မှတ်များမှာ နိုင်ငံခြားသား အုပ်စုများဖြစ်မည်ဟုယုံကြည်ရကြောင်း ဂျာမန်သတင်းစာ Welt က ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

တရားခံယာဉ်မောင်းအား ဖမ်းဆီးချိန်တွင် ၎င်းသည်လူမျိုးရေးမုန်းတီးမှုစကားများပြောကြားခဲ့ပြီး ယင်းအချက်များက ၎င်းအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ဖြစ်ပေါ်နေကြောင်း ပြသနေခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.