Connect with us

Europe

ပီရူးနိုင်ငံတွင် ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၁၀ ဦးသေဆုံး၊ ၃၀ ဒဏ်ရာရ


လီမာ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံ အနောက်ပိုင်း လမ်းနံဘေးရှိ မြစ်အတွင်းသို့ ဒီဇင်ဘာလ ၂၇ ရက်က ဘတ်စ်ကားတစ်စီး တိမ်းမှောက်သွားခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုသည် မြို့တော် လီမာ အရှေ့ဘက် ဗဟိုအဝေးပြေးလမ်းမကြီး၌ ဒေသစံတော်ချိန် နံနက် ၄း၃၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဝေးပြေးလမ်းမရဲတပ်ဖွဲ့ အကြီးအကဲ ဂျော့ကက်စ်တီလို (Jorge Castillo) က ပြောကြားခဲ့သည်။

ပီရူးနိုင်ငံ ဘတ်စ်ကားတိမ်းမှောက်မှုတွင် ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘတ်စ်ကားပေါ်ပါ ခရီးသည်များ၏ အဆိုအရာ ယာဉ်မောင်းမှာ အိပ်ငိုက်ကာ ယာဉ်အား ထိန်းနိုင်ခြင်းမရှိခြင်းကြောင့် Rimac မြစ်အတွင်းသို့ ကျသွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ရဲတပ်ဖွဲ့က တရားဝင်သတင်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။

အဆိုပါ ဘတ်စ်ကားသည် Huancayo ပြည်နယ် Andean မြို့မှ မြို့တော် လီမာသို့ သွားရောက်နေခြင်း ဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူများအား ကက်ဆာပဲလ်ကာမြို့နှင့် အနီးဝန်းကျင်မြို့များရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့သည်။

ပီရူးနိုင်ငံ၌ အဝေးပြေးလမ်းတစ်လျှောက်တွင် အထူးသဖြင့် Andes တောင်ကို ကျော်ဖြတ်ကာ တည်ဆောက်ထားခြင်းကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားခြင်း ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117