Connect with us

Europe

ယူကရိန်းသမ္မတ က ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်ကြောင်း ကြေညာ

ယူကရိန်းနိုင်ငံ သမ္မတ ပီထရို ပိုရိုရှန်ကို အားတွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ ပီထရို ပိုရိုရှန်ကို (Petro Poroshenko) က ယူကရိန်းနိုင်ငံ ဒေသအနည်းငယ်တွင် ညမထွက်ရအမိန့်အား ရုပ်သိမ်းလိုက်ကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။

ပိုရိုရှန်ကို က ယင်းဆုံးဖြတ်ချက်သည် ယူကရိန်းနိုင်ငံ ၏ လက်ရှိ လုံခြုံရေးအခြေအနေတွင် ပါဝင်နေသည့်အရာအားလုံးကို လေ့လာဆန်းစစ်မှုအပေါ် အခြေခံ၍ချမှတ်ခဲ့သည့် ၎င်း၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ညမထွက်ရအမိန့်သည် တပ်ဖွဲ့ဝင်များ ပြန်လည် ဖြန့်ကျက်ထားနိုင်ခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှု တိုက်ပွဲများအား လျှော့ချပေးနိုင်ခြင်း၊ အရံတပ်ဖွဲ့ဝင် နှင့် လက်နက်ထောက်ပံ့မှုတို့ တိုးတက်စေခြင်းဖြင့် ယူကရိန်းနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့၏ စွမ်းအင်ကို ဖွံ့ဖြိုးတိုးတက်စေကြောင်း သိရသည်။

ပိုရိုရှန်ကို က ညမထွက်ရအမိန့်သည် ယူကရိန်းနိုင်ငံ၏ စီးပွားရေး နှင့် လူ့အခွင့်အရေးအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံသည် Kerch ရေလက်ကြား အရေးနှင့် ပတ်သက်၍ ရုရှားနိုင်ငံ နှင့် တင်းမာမှုများ မြင့်တက်လာမှုကြောင့် နိုဝင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် နေ့လည် ၂နာရီမှစ၍ အဓိကအားဖြင့် ရုရှားနှင့် ထိစပ်နေသည့် နယ်စပ်ဒေသ ၁၀ခုတွင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သမ္မတ က ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းသည် စစ်ကြေညာခြင်းမဟုတ်ကြောင်း၊ သို့သော် ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေးစနစ်ပိုမို အားကောင်းလာရန် ရှေ့တိုးလုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.