Connect with us

Europe

ယူကရိန်းနိုင်ငံ သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေး ဒီဇင်ဘာလကုန်တွင် စတင်မည်

ယူကရိန်း နိုင်ငံ၏ လက်ရှိ သမ္မတ ပီထရို ပိုရိုရှန်ကုန်အား တွေ့ ရစဉ်(ဆင်ဟွာ)

ကိဗ် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ယူကရိန်း နိုင်ငံ၌ လာမည့်နှစ်တွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးခွင့်အား ဒီဇင်ဘာ ၃၁ ရက်တွင် တရားဝင် စတင်နိုင်မည် ဖြစ်ကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အား ကိုးကား၍ ဒေသခံ မီဒီယာများတွင် ဒီဇင်ဘာ ၂၇ ရက်တွင် ဖော်ပြခဲ့ကြသည်။

ယူကရိန်း နိုင်ငံပိုင် Ukrinform သတင်း အေဂျင်စီက ဗဟိုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက် အရ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် နောက်ဆုံးထား၍ သမ္မတ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့၏ ရည်ရွယ်ချက်များအား ကြေညာသင့်ကြောင်း ဖော်ပြခဲ့သည်။

မဲဆွယ်စည်းရုံးရေး လုပ်ဆောင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးစီသည် ရွေးကောက်ပွဲ ဝင်ခွင့်အား မှတ်ပုံတင်ရန် အမေရိကန် ဒေါ်လာ ၉၁,၇၀၉ အား ပေးသွင်းရကြောင်း သိရသည်။

ယူကရိန်း နိုင်ငံ၌ သမ္မတ ရွေးကောက်ပွဲအား ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ရွေးကောက်ပွဲ မဲရလဒ်အား ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.