Europe
ဆစ်ဒနီ မြို့လယ် အဆောက်အဦ မီးလောင်မှုဖြစ်ပွား
ဆစ်ဒနီ၊ မေ ၃၁ ရက် (ဆင်ဟွာ)
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်ကောင်ရှိ အထပ်မြင့်အဆောက်အအုံ၏ ငြမ်းစင် မေလ ၃၁ ရက်က နံနက်ပိုင်း ရုံးတက်ချိန်မတိုင်မီ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၀ ခန့် ရွှေ့ပြောင်းခဲ့ရကြောင်း၊ တစ်နာရီအတွင်း မီးထိန်းနိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါ မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ရး၅၀ နာရီခန့်က Macquarie လမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မီးသတ်ကားများနှင့် ကယ်ဆယ်ရေးကား တစ်ဒါဇင်ခန့်နှင့် မီးသတ်သမားများ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ကြောင်း ပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေး ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
၁၀ ထပ်အဆောက်အအုံရှိ ငြမ်းစင်အား မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၈း၃၀ နာရီတွင် မီးသတ်သမားများက မီးထိန်းနိုင်ခဲ့ကြောင်း၊ ဒဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။
“မီးက ငြမ်းစင်ကိုပဲ ပတ်လောင်တဲ့အတွက် အတွင်း အဆောက်အအုံထဲကို ကူးစက်မီးလောင်ကျွမ်းခဲ့ခြင်း မရှိခဲ့ပါဘူး” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)