Connect with us

Europe

တရုတ်-ရုရှား နီးကပ်စွာ မိတ်ဖက်ဆက်ဆံရေးမှ ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးများစွာ ပိုမိုဆောင်ကြဉ်းပေးမည်

ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိလာသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ခေတ်သစ်တစ်ခုအတွက် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုရှိသော မိတ်ဖက်ဆက်ဆံရေးတစ်ခုဆီသို့ ၎င်းတို့၏ ဆက်ဆံရေးအား မြှင့်တင်ရန် ဇွန်လ ၅ ရက်က သဘောတူညီခဲ့ကာ ကမ္ဘာကြီးတည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် အထောက်အကူပြုသော နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဇာတ်ခုံသစ်ဖွင့်လှစ်လိုက်ပေသည်။

တရုတ်-ရုရှား သံတမန်ဆက်ဆံရေး တည်ထောင်မှုမှာလည်း ဆယ်စုနှစ် ၇ ခုရှိခဲ့ပြီဖြစ်ကာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) တို့၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအရ သမိုင်းတွင် အမြင့်ဆုံးအဆင့် ရောက်ရှိခဲ့ပြီဖြစ်သည်။

ယခုအခါတွင် နှစ်နိုင်ငံခေါင်းဆောင်များက ၎င်းတို့နိုင်ငံ၏ ဆက်ဆံရေးများအား နောက်တစ်ကြိမ်မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ကြပြီး အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံလည်း ဖြစ်သည့်အားလျော်စွာ ကြီးမားသောအောင်မြင်မှုများအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ရန် နေသားကျခဲ့ပြီဖြစ်သည်။

နှစ်နိုင်ငံဆက်ဆံရေး ခေတ်သစ်တွင်လည်း တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ကြီးမားနက်ရှိုင်းမှုဖြင့် နယ်ပယ်အမျိုးမျိုး၏ ကျယ်ပြန့်သောအပိုင်းအခြားတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် သဘာဝအရင်းအမြစ်များနှင့် နည်းပညာများတွင် မတူညီသော အကျိုးကျေးဇူးများရှိသလို ၎င်းတို့၏ စီးပွားရေးများမှာလည်း လိုက်ဖက်မှုမြင့်မားသဖြင့် လာမည့်နှစ်များတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၌ အခိုင်အမာတိုးတက်မှုဆီသို့ အကောင်အထည်ဖော်နိုင်ပေမည်။

ထို့ပြင် နှစ်နိုင်ငံ ကုန်သွယ်မှုသည်လည်း ၂၀၁၈ ခုနှစ်တွင် ၂၇.၁ ရာခိုင်နှုန်း တိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၇.၁ ဘီလီယံရှိခဲ့သလို တရုတ်နိုင်ငံ၏ ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံ ၁၀ နိုင်ငံအနက် အမြင့်မားဆုံး တိုးတက်မှုနှုန်းလည်း ဖြစ်သည်။ ထိုခိုင်မာသော အရှိန်အဟုန်မှာ ဆက်လက်ရှိနေမည်ဖြစ်ပြီး မဝေးတော့သည့်အနာဂတ်တွင် ကုန်သွယ်မှုတန်ဖိုးမှာ နှစ်ဆမြင့်တက်လာမည်ဟု လေ့လာဆန်းစစ်သူများက မျှော်မှန်းထားသည်။

စွမ်းအင်၊ လေယာဉ်တည်ဆောက်မှုနည်းပညာနှင့် အတွင်းကွန်ရက်ဆက်သွယ်မှု စသည့် အစဉ်အလာရှိသော နယ်ပယ်များ၌ မဟာဗျူဟာမြောက် စီမံကိန်းများတွင် ခိုင်မာသော တိုးတက်မှုရှိခဲ့သည်။ စိုက်ပျိုးရေး၊ ငွေရေးကြေးရေး၊ သိပ္ပံနှင့်နည်းပညာ၊ e-commerce ကဲ့သို့သော ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုမှာလည်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပေသည်။

တရုတ်-ရုရှား ဆက်ဆံရေး ပွင့်လင်းမှုက နှစ်နိုင်ငံ ပြည်သူများကို နီးကပ်စွာ ဆောင်ကြဉ်းနေပြီဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ရုရှားနိုင်ငံသို့ တရုတ် ခရီးသွားဧည့်သည် ၁.၈ သန်းဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံသို့ ရုရှားခရီးသွားဧည့်သည် ၂ နီးပါး သွားရောက်လည်ပတ်ခဲ့သည်။ နှစ်နိုင်ငံလုံးသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ခရီးသွားဧည့်သည်များနှင့် သွားရောက်လည်ပတ်ရာ အဓိကအရင်းအမြစ်များ ဖြစ်လာခဲ့ကြသည်။ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့တွင် ခရီးသွားနှစ် လှုပ်ရှားမှုများအား ပူးတွဲလုပ်ဆောင်မှုများလည်း ရှိခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းကော်မတီလည်းဖြစ်သည့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအကြား ရင်းနှီးခိုင်မာမှုရှိသော မိတ်ဖက်ဆက်ဆံရေးက ကမ္ဘာကြီးအား ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ကြွယ်ဝချမ်းသာမှုများ ပိုမိုလုပ်ဆောင်ပေးနေပေသည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များစွာတွင်လည်း တူညီသော အမြင်များ မျှဝေလျက်ရှိသည်။ နှစ်နိုင်ငံလုံးက ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒများ ပိုမိုကောင်းမွန်စွာ ညှိနှိုင်းရန် ရှာဖွေလျက်ရှိသောကြောင့် ၎င်းတို့အနေဖြင့် ယနေ့ခေတ်မတည်ငြိမ်မှုများဖြစ်နေသောကမ္ဘာကြီးတွင် အမာကျောက်နှင့် ဒေါက်တိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတကာစနစ် မျှတမှု၊ တရားမျှတမှုနှင့် အားလုံးပါဝင်မှု ပိုမိုရှိစေရန် ကုလသမဂ္ဂ (United Nations) ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization) ၊ Group of 20 (G20) ကဲ့သို့သော နိုင်ငံစုံပါဝင်သော မူဘောင်များအတွင်း နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။

ယခုအခါ နှစ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ ပြည်သူများနှင့် ကျယ်ပြောလှသော ကမ္ဘာကြီးဆီသို့ ပို၍ကြီးမားသော အကျိုးရလဒ်များ ဆောင်ကြဉ်းပေးရန်အလို့ငှာ အရှိန်အဟုန် တည်ဆောက်ရန်နှင့် ပိုမိုခိုင်မာသော အောင်မြင်မှုများသို့ ဆက်ဆံရေးများအား နောက်ဆုံးပေါ်အဆင့်မြှင့်တင်မှု အကောင်အထည်ဖော်ရန် အချိန်အခါဖြစ်ပါကြောင်း ဖော်ပြအပ်ပေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.