Europe
သတင်းထောက် အသတ်ခံရမှုအတွက် ချက်ချင်း စုံစမ်းစစ်ဆေးပေးရန် ရုရှားနိုင်ငံ တောင်းဆို

မော်စကို၊ မေ ၃၀ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ရုရှား သတင်းထောက် Arkadyy Babchenko အသတ်ခံရမှုနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်သမျှကို စုံစမ်းစစ်ဆေးမှုများ မဆိုင်းမတွ ပြုလုပ်ပေးရန် ယူကရိန်းအာဏာပိုင်များအား ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၉ ရက်က ပြောကြားခဲ့သည်။
“ယူကရိန်းနိုင်ငံတွင် မီဒီယာဆိုင်ရာ ဝန်ထမ်းများကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အသတ်ခံရမှုများ အဆင့်ဟာ တဖြည်းဖြည်းနဲ့ တိုးလာပြီးတော့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြစ်မှုဆိုင်ရာ အပြစ်ဒဏ်က ဦးမတည်တာ တွေ့ရတယ်” ဟု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
Babchenko ၏ ဆွေမျိုးများနှင့် မိတ်ဆွေများအတွက် ကြေကွဲဝမ်းနည်းပါကြောင်း ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
ယင်းနေ့အစောပိုင်းက ယူကရိန်း TV လိုင်း ATR အတွက် လုပ်ကိုင်နေသော Babchenko သည် ၎င်း၏ နေအိမ် လှေကားခွင် တွင် နောက်ကျောအား သေနတ်ပစ်ခံရကာ ဆေးရုံသို့သွားရာလမ်းတွင် သေဆုံးသွားခဲ့ကြောင်း ယူကရိန်း လွတ်တော်အမတ် Anton Gerashchenko က Facebook တွင် ရေးသားခဲ့သည်။ (Xinhua)