Connect with us

Latin America

မက္ကဆီကို မြောက်ပိုင်းတွင် ရဲတပ်ဖွဲ့နှင့် ဒုစရိုက်ဂိုဏ်းသားများအကြား ပစ်ခတ်မှု ဖြစ်ပွား ၊ ၁၉ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံ ရဲတပ်ဖွဲ့ က ရာဇဝတ်မှု ထူးပြောသော Sinaloa ပြည်နယ်၌ ကင်းလှည့်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း Sinaloa ပြည်နယ်တွင် သောကြာနေ့ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များ နှင့် လက်နက်ကိုင် ဒုစရိုက်ဂိုဏ်းသားများအကြား ပစ်ခတ်မှုဖြစ်ပွားရာ ဒုစရိုက်ဂိုဏ်းသား ၁၉ ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ပြည်နယ်ရဲတပ်ဖွဲ့မှူးက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် ပြိုင်ဘက်အုပ်စုမှ ပစ်ခတ်မှုကြောင့် ၎င်းတို့ဂိုဏ်းသား နှစ်ဦးသေဆုံးခဲ့ပြီးနောက် Villa Union မြို့အနီးတွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင် အုပ်စုတစ်ခု မှစတင် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကား ၄ စီးဖြင့် ထွက်ပြေးသော လက်နက်ကိုင်များကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းခဲ့ကြောင်း ၊ Villa Union မြို့မှ ၈ ကီလိုမီတာအကွာရှိ Aguaje de Castilla ၌ ကားများကို ဖမ်းဆီးရမိခဲ့ပြီး သေနတ်သမား ၁၉ ဦးကိုလည်း အသေပစ်သတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်နယ်ရဲမှူးကပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၅ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ကားများနှင့်အတူ သေနတ် ၂ဝ လက်ခန့်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ ပစ်ခတ်မှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အမှုဖွင့်ထားပြီးဖြစ်ကြောင်း Sinaloa ပြည်နယ် အစိုးရရှေ့နေချုပ် က ပြောသည်။Sinaloa ပြည်နယ်သည် မက္ကဆီကိုနိုင်ငံ၌ ရာဇဝတ်မှု ဖြစ်ပွားမှု အများဆုံးပြည်နယ်တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)