ကာရာကာ့စ်၊ မတ် ၉ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်င ံတွင် အယ်လ်ဂူရီ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ၌ အဖျက်လုပ်ရပ်တစ်ခု ကြောင့် နိုင်ငံတစ်ဝန်းမြို့တော် ကာရာကာ့စ်နှင့်အခြားဒေသများတွင်ပါ မတ်လ ၇ ရက် မွန်းလွဲပိုင်းမှစ၍လျှပ်စစ် မီးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်း ဗင်နီဇွဲလားအာဏာပိုင်များကပြောကြားခဲ့ကြသည်။
လီမား၊ မတ် ၉ ရက် (ဆင်ဟွာ) ပီရူးအစိုးရအဖွဲ့က ပီရူးနိုင်ငံဝန်ကြီးချုပ် ဆီဇာ ဗီလာနျူဗာ (Cesar Villanueva) ၏ ရာထူးတာဝန်မှ နုတ်ထွက်မှု အား မတ်လ ၈ ရက်နေ့က အတည်ပြုခဲ့ကြောင်း သိရသည်။
ဟာဗားနား၊ မတ် ၇ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးမှု လျော့နည်းစေရေးအတွက် hydro fluorocarbons (HFCs) သုံးစွဲမှုကိုလျှော့ချရန် ပြင်ဆင်လျက်ရှိကြောင်း တရားဝင်သတင်းရင်းမြစ်က မတ်လ ၆ ရက်နေ့တွင် ပြောသည်။
ကာရာကာ့စ် ၊ မတ် ၇ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံက ကာရာကာ့စ်မြို့ရှိ ဂျာမနီနိုင်ငံသံအမတ်ကြီးအား ဗင်နီဇွဲလားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ ရှုပ်ထွေအောင်ပြုလုပ်နေခြင်းအတွက် သံတမန်ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်း ထွက်ခွာသွားရန် မတ် ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဝါရှင်တန်၊ မတ် ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူပါက အမေရိကန်က ၎င်းတို့၏ F-35 ဂျက်တိုက်လေယာဉ်များ ရောင်းချမည်မဟုတ်ကြောင်း မတ် ၅ ရက်က ဥရောပဆိုင်ရာ အမေရိကန် ထိပ်တန်း တပ်မှူးက ပြောကြားသည်။
ဟာဗားနား၊ မတ် ၃ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel က အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံ စစ်ရေးအရတိုက်ခိုက်ရန် အခွင့်အလမ်းတစ်ရပ်ကို ရှာဖွေရန် ဆက်လက်လုပ်ဆောင်နေကြောင်း မတ် ၂ ရက် က သတိပေးပြောကြားလိုက်သည်။
ရီယိုဒီဂျနရို၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီ ၁ရက်မှ ဖေဖော်ဝါရီ ၂ရက်ထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားကြောင်း၊သံသယရှိသူ အရေအတွက်သည် ၅၄,၇၇၇ဦး ရှိခဲ့ရာ ယခင်နှစ်ကထက် ရာခိုင်နှုန်းအားဖြင့် ၁၄၉ ရာခိုင်နှုန်း တိုးတက်ဖြစ်ပွားလျက်ရှိကြောင်း၊ အဆိုပါ ရောဂါသည် လူတစ်သောင်းတွင် ၂.၆၃ယောက်ဖြစ်ပွားလျက်ရှိကြောင်း...
လာပက်ဇ် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘိုလီဗီးယား နိုင်ငံ၏ အသက်အကြီးဆုံး အမျိုးသမီး ဖြစ်သူ မာမား ဂျူလီယာ ဟု လူသိများကြသော ၁၁၈ နှစ် အရွယ်ရှိ ဂျူလီယာ ဖလောရက်စ်(Julia Flores)သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် Cochabamba မြို့ရှိ ဆေးရုံ၌...
မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ ဒုတိယ သမ္မတ Delcy Rodriguez သည် ရုရှားနိုင်ငံ မော်စကိုမြို့သို့လာရောက်ကာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် မတ်လ ၁ရက်တွင်တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ RIA Novosti သတင်းဌာန က...
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ တွင် ဖေဖော်ဝါရီ ၂၇ ရက်က ရထား ၂စင်း တိုက်မိခဲ့ရာ ရထားမောင်းသူ တစ်ဦး သေဆုံးပြီး အခြားလူ ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။