Connect with us

Latin America

ပနားမားနိုင်ငံ အနောက်ပိုင်းတွင် ပြင်းအား ၆.၂ အဆင့် ငလျင်လှုပ်ခတ်

ငလျင်တိုင်းတာမှုပြ ပုံစံတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပနားမားစီးတီး၊ မေ ၁၃ ရက်(ဆင်ဟွာ)

ပနားမားနိုင်ငံ အနောက်ပိုင်းဒေသတွင် မေ ၁၂ ရက် ညနေပိုင်းက ပြင်းအား ၆.၂အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ပနားမားတက္ကသိုလ် ဘူမိဗေဒအင်စတီကျု၏ ယင်းနေ့၌ ထုတ်ပြန်သည့် သတင်း များအရ သိရသည်။ ငလျင်ကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦအချို့ ပျက်စီးခဲ့ ကြောင်း သိရသည်။

အဆိုပါငလျင်သည် မေ ၁၂ ရက် ဒေသစံတော်ချိန် ၁၄ နာရီ ၂၄ မိနစ်တွင် ပမာနားနိုင်ငံအနောက်ပိုင်း Chiriquíပြည်နယ် Armuellesဆိပ်ကမ်း၏ မြောက်ဘက် ၂၂ ကီလိုမီတာအကွာခန့်တွင် မြေအောက်အနက် ၉ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Armuellesဆိပ်ကမ်းတွင် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ပြီး ၎င်း၏နေအိမ်ခေါင်မိုးပြိုကျပျက်စီးခဲ့ ကြောင်း ပနားမားသမ္မတ Juan Carlos Varelaက အချင်းဖြစ်ပွားသည့်နေ့တွင် လူမှုမီဒီယာ၌ ဖော်ပြထားသည်။ပနားမား မြို့ပြကာကွယ်ရေး ဦးစီးဌာန၏ ကနဦးအစီရင်ခံစာအရ Chiriquíပြည်နယ်ရှိ ဒေသအချို့တွင် အဆောက်အဦများ ပျက်စီးခဲ့ကြောင်း သိရသည်။

ငလျင်နှင့်စပ်လျဉ်း၍ ဆိုနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။ မြို့ပြကာကွယ်ရေးဦးစီးဌာနက ဒေသခံပြည်သူများ အနေဖြင့် သတိနှင့်နေထိုင်ကြရန်နှင့် အစိုးရထုတ်ပြန်သည့် သတင်းများကို ဆက်လက်ဂရုပြုကြရန် နှိုးဆော်ထားပြီး ငလျင်ဘေးအခြေအနေကို သိရှိစေရန် အချင်းဖြစ်နေရာသို့ ဝန်ထမ်းများ စေလွှတ် ထားကြောင်း သိရသည်။အမေရိကန် ဘူဗိဗေဒတိုင်းတာရေးဌာန(USGS)၏ ငလျင်ဝက်ဘ်ဆိုက်သတင်းအရ ယခုလှုပ်ခတ်သည့် ငလျင်မှာ ပြင်းအား ၆.၁ အဆင့်ရှိကြောင်း သိရသည်။ Armuellesဆိပ်ကမ်းတွင် ကော့စတာရီကာ နယ်စပ်နှင့်ကပ်လျက်တည်ရှိပြီး လူဦးရေ ၂၂,၀၀၀ ရှိကြောင်း သိရသည်။(Xinhua)