Connect with us

Latin America

တရုတ် နိုင်ငံ က ဗင်နီဇွဲလား နိုင်ငံ အား ဒုတိယ အကြိမ်မြောက် လူ့အသုံးအဆောင် ပစ္စည်း များ လွှဲပြောင်းပေးအပ်

တရုတ် နိုင်ငံ မှ ဒုတိယ အကြိမ်မြောက် ဗင်နီဇွဲလား နိုင်ငံ အား လွှဲပြောင်းပေးအပ်ခဲ့သည့် ကူညီထောက်ပံ့မှု ပစ္စည်းများ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကာရာကာ့စ် ၊ မေ ၁၄ ရက် (ဆင်ဟွာ)

တန်ချိန် ၇၁ တန် ရှိ လူ့အသုံးအဆောင် ပစ္စည်းများအား တရုတ် နိုင်ငံ အစိုးရ က ဒုတိယ အကြိမ်မြောက် အနေဖြင့် မေလ ၁၃ ရက် ညနေပိုင်း အချိန်တွင် ဗင်နီဇွဲလား နိုင်ငံ မြို့တော်ရှိ Simón Bolívar အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် လွှဲပြောင်းပေးအပ် ခဲ့သည်။

လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား တွင် ဗင်နီဇွဲလား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး က ယခုပေးအပ်သည့် ပစ္စည်းများ က တရုတ် နိုင်ငံ ပြည်သူလူထု တို့၏ ဗင်နီဇွဲလား နိုင်ငံ ပြည်သူလူထု အပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာ ကို ကိုယ်စားပြုပြီး ယခု ပစ္စည်းများ က ပြည်ပပိတ်ဆို့မှုများ ကြောင့် ဗင်နီဇွဲလား ပြည်သူလူထု အပေါ် ဖြစ်ပွား ခဲ့သည့် သက်ရောက်မှုများ လျော့ကျသွားနိုင်ရန် မျှော်လင့်ကြောင်း ၊ ဗင်နီဇွဲလား နိုင်ငံ ပြည်သူလူထု က ကိုယ်ပိုင် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို အကောင်အထည် ဖော်နိုင်မည် ကို ယုံကြည်ပြီး တရုတ် နိုင်ငံ က အပြုသဘောဆောင်သည့် ဆောင်ရွက်မှုများ ပြုလုပ်ကာ ကူညီထောက်ပံ့မှု နှင့် ထောက်ခံအားပေးမှု များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က တရုတ် နိုင်ငံ အစိုးရ အား ကျေးဇူးတင်ကြောင်း ၊ တရုတ် နိုင်ငံ ၏ ကူညီထောက်ပံ့မှုများ က ပိတ်ဆို့အရေးယူမှုများကြောင့် ဖြစ်ပေါ်နေသည့် မကောင်းသော သက်ရောက်မှုများ ကို လျော့နည်းစေရန် အထောက်အကူ ဖြစ်စေကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ အစိုးရ က မတ်လ ၂၉ ရက် ၌ ပထမ အကြိမ် အဖြစ် ဗင်နီဇွဲလား နိုင်ငံ အား ကူညီထောက်ပံ့မှု ပစ္စည်းများ လွှဲပြောင်းပေးအပ် ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း တွင်လည်း ထောက်ခံအားပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.