Connect with us

Latin America

မက္ကဆီကိုနိုင်ငံတွင် အကျဉ်းထောင်ဝန်ထမ်းများ တိုက်ခိုက်ခံရမှုကြောင့် ၄ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံရှိ အကျဉ်းထောင်တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး၊ မေ ၁၁ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း မိုရီလို့စ်ပြည်နယ်တွင် အကျဉ်းထောင်ဝန်ထမ်းများအား တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး မေလ ၁၀ ရက်က တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး ၄ ဦး သေဆုံးပြီး အခြားသူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအစိုးရက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်မှာ အကျဉ်းထောင်မှ ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိသည့် မိုရီလို့စ်ပြည်နယ် အနောက်တောင်ပိုင်း Pueente de Ixtla မြို့တွင် မေလ ၁၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မိုရဲလို့စ်အစိုးရက ဝန်ထမ်းအမျိုးသမီး ၄ ဦးသေဆုံးကြောင်း အတည်ပြုပြောကြားခဲ့ပြီး အခြားသူ ၄ ဦးအား ဒဏ်ရာအတွက် ဒေသခံဆေးရုံတစ်ခုတွင် ကုသမှုခံယူလျက်ရှိသည်။

“ပြည်နယ်အစိုးရအနေနဲ့ ကျန်ရစ်သူမိသားစုတွေကို ကာကွယ်ဖို့နဲ့ ဒုစရိုက်မှုကျူးလွန်သူတွေနဲ့ ဘယ်အချိန်မှာမဆို အပေးအယူလုပ်သွားမှာမဟုတ်ဘူးဆိုတဲ့ သူတို့ရဲ့ ကတိကဝတ်ကို အခိုင်အမာ ရပ်တည်သွားမှာပါ” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေသခံမီဒီယာ၏ အဆိုအရ တိုက်ခိုက်သူများသည် လက်နက်ကိုင် အမျိုးသား ၃ ဦးဖြစ်ပြီး ဘတ်စ်ကားအား ပစ်ခတ်ပြီးနောက် ကားတစ်စီးနှင့် ထွက်ပြေးသွားကြောင်း သိရသည်။

ယခုကဲ့သို့ တိုက်ခိုက်ခြင်းသည် ယခုတစ်ပတ်အတွင်း မိုရီလို့စ်ပြည်နယ်၌ ဒုတိယအကြိမ်မြောက် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.