Connect with us

Latin America

လာမည့်သီတင်းပတ်အတွင်း ရုရှားနိုင်ငံတွင် ပွမ်ပီယိုနှင့် ပူတင် တွေ့ဆုံရန်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြော

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ မိုက်ပွမ်ပီယို (Mike Pompeo) သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် လာမည့်သီတင်းပတ်အတွင်း ရုရှားနိုင်ငံ ဆိုချီမြို့၌တွေ့ဆုံကာ “နှစ်နိုင်ငံနှင့် နိုင်ငံစုံ စိန်ခေါ်မှုများ” အကြောင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

ပွမ်ပီယိုသည် ရုရှားနိုင်ငံခရီးစဉ်အား မေလ ၁၂ ရက်မှ ၁၄ ရက်အထိ လျာထားကြောင်း၊ ၎င်းသည် မေလ ၁၃ ရက်တွင် မော်စကိုရှိ အညတရ စစ်သားများ၏ ဂူသချိ ၤုင်းသို့ သွားရောက်ကာ လွမ်းသူ့ပန်းခွေဖြင့် ဂုဏ်ပြုမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်အား တွေ့ရစဉ် (ဆင်ဟွာ)

ထို့နောက် ပွမ်ပီယိုသည် မေလ ၁၄ ရက်တွင် ဆိုချီမြို့သို့ သွားရောက်ကာ ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် နိုင်ငံခြားရေးဝန်ကြီ ဆာဂျီ လာ့ဗ်ရို့ဗ် (Sergey Lavrov) တို့နှင့် တွေ့ဆုံ၍ “နှစ်နိုင်ငံနှင့် နိုင်ငံစုံ စိန်ခေါ်မှု အမျိုးမျိုး” အား ဆွေးနွေးမည်ဖြစ်သည်။

လာ့ဗ်ရို့ဗ်နှင့် ပွမ်ပီယိုတို့သည် ယခုသီတင်းပတ်အစောပိုင်းက ဖင်လန်နိုင်ငံတွင် ပြုလုပ်သော ၁၁ ကြိမ်မြောက် အာတိတ်ကောင်စီ ဝန်ကြီးအဆင့်ဆွေးနွေးပွဲအတွင်း တွေ့ဆုံခဲ့စဉ် မြောက်ကိုရီးယားနိုင်ငံက ခေါင်းစဉ်တစ်ခုအဖြစ် ပါဝင်ခဲ့ဖွယ်ရှိကြောင်း ရုရှားနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အီဂွာ မော်ဂူလာ့ဗ် (Igo Morgulov) က မေလ ၈ ရက်တွင် ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.