ဝါရှင်တန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်မြောက်ပိုင်းနိုင်ငံ ရှစ်နိုင်ငံမှ ပျံသန်းလာသော လေကြောင်းလိုင်းအချို့ တွင် ပါရှိလာသည့် ခရီးဆောင်အိတ်များအတွင်း လက်တော့ပ်နှင့် တက်ဘလက်များ ကဲ့သို့သော အီလက်ထရောနစ်ပစ္စည်းများ သယ်ဆောင်လာခြင်းကို ပိတ်ပင်လိုက်ကြောင်း ပြည်တွင်းမီဒီယာက ပြောပြခဲ့သည်။
ကရာကက်စ်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံရှိ အကျဉ်းထောင် တစ်ခုအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သူ အရေအတွက်မှာ ၁၅ ဦး အထိ ရှိလာပြီး ဖြစ်ကြောင်း မတ်လ ၁၈ ရက်တွင် တာဝန်ရှိသူများက ကြေညာခဲ့သည်။
မက္ကဆီကိုစီးတီး၊ မတ် ၁၁ ရက် (ဆင်ဟွာ) မက္ကဆီကို ရဲတပ်ဖွဲ့ဝင်များနှင့် မြို့တော်ဝန် တစ်ဦးတို့ ပါဝင်ပတ်သက်မှုရှိသော ဒုစရိုက်ဂိုဏ်း တစ်ခုနှင့် ချိတ်ဆက်မှုရှိကြောင်း သံသယရှိသူ ၈၇ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မက္ကဆီကို အလယ်ပိုင်း Puebla ပြည်နယ် အစိုးရက မတ်လ ၁၀ ရက်က ကြေညာလိုက်သည်။
ဂွာတီမာလာ စီးတီး၊ မတ် ၉ ရက် (ဆင်ဟွာ) ဂွာတီမာလာနိုင်ငံ အလယ်ပိုင်း တွင် မတ် ၈ ရက်နေ့ အစောပိုင်း က ကလေးဂေဟာတစ်ခု မီးလောင်မှုဖြစ်ပွားရာ ကလေး ၁၉ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခု က ဖော်ပြခဲ့သည်။
ပနားမား စီးတီး၊ မတ် ၇ ရက် (ဆင်ဟွာ) ပနားမားနိုင်ငံ အလယ်ပိုင်းတွင် မတ် ၅ ရက်နေ့က ဘတ်စ်ကားတစ်စီး တံတားတစ်စင်းပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၁၆ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်းမီဒီယာများ ကဖောြ်ပခဲ့သည်။
လာပါ့ဇ်၊ မတ်လ ၁ ရက် (ဆင်ဟွာ) ဘိုလီးဗီးယားနိုင်ငံ တွင် ဖေဖော်ဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၂၇ရက် အထိ လေးရက်ကြာ ကျင်းပခဲ့သော ကာနီဗယ်ပွဲတော် အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် လူ ၃၃ဦးသေဆုံးခဲ့ကြောင်း နှင့် ဖေဖော်ဝါရီ ၂၇ရက်နေ့သည် ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု အများဆုံးနေ့ဖြစ်ကြောင်း...
လီမာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံ အနောက်မြောက်ပိုင်း La Libertad ဒေသတွင် ဖေဖော်ဝါရီလ ၂၃ ရက်က ယာဉ် သုံးစင်း ဆင့်တိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ...
ရီယိုဒီဂျနေရို ၊ ဖေဖော်ဝါရီ ၂၃ (ဆင်ဟွာ) ဘရာဇီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jose Serra သည် ကျန်းမာရေးအခြေအနေ မကောင်းမွန်သဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ရာထူးမှ နုတ်ထွက်သွားကြောင်း သိရသည်။
ဘရာဇီးလား၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် သတင်းထောက်များအား တိုက်ခိုက်မှု နှင့် ခြိမ်းခြောက်မှုများသည် ၂၀၁၅ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၂၀၁၆ခုနှစ်တွင် ၆၀ရာခိုင်နှုန်းအထိမြင့်တက်လာကြောင်း ဖေဖော်ဝါရီ ၂၁ရက် ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။
လီမာ ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘိုလီးဗီးယား နိုင်ငံ အလယ်ပိုင်း တွင် ဖေဖော်ဝါရိ ၂၁ ရက်နေ့က အင်အား ၆.၇ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်ဆီးဆုံးရှုံးမှု ဆိုင်ရာ ငွေကြေးတန်ဖိုးကြေညာချက်...